ပြောပြချင်တဲ့အရှေ့မြောက်တံခါး

Tue, 10/18/2016 - 06:31 -- admin_ygn

       သစ်သီးရောင်းကွင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ လူမှုကွန်ရက်မှာ တင်တယ်။တစ်ဖက် ကွင်းက တာဝန်ရှိသူ တစ်ယောက်နဲ့ နှစ်ယောက်တည်း တွေ့ကြတယ်။FB ပေါ်က Commet တချို့နဲ့ ပတ်သက်ပြီး အရှေ့မြောက်တံ ခါးနဲ့ ပတ်သက်တာတွေကို ပြောသင့်တယ်ထင်လို့ ပြောပြချင်ပါတယ်။ အရှေ့မြောက်တံခါးက ၂၀၁၅ မှာစတာပါ။အဲဒီမတိုင်ခင်က ပွဲရုံတွေဟာ မူဆယ်မြို့ထဲက ကိုယ့်အိမ်နေရာမှာကိုယ်ရောင်းကြတာပါ။ ကုန်သွယ်ရေးဇုန် ဖွင့်မယ် ဆိုတဲ့အခါ (၁၀၅)မိုင်ကို မဖြစ်မနေ တက်ရောင်းရမယ်ဆိုတော့ ပွဲရုံ အားလုံးလောက်နီးပါး ကိုယ့်အိမ်ကနေ မခွာချင်ကြဘဲ အချိန်ဆွဲနေခဲ့ကြပါတယ်။အဲဒီမှာ ပွဲရုံ နှစ်ရုံက သစ်သီးပွဲရုံတွေအတွက် သတ်မှတ်ထားတဲ့ ဧကကွက် ရှစ် ကွက်ထဲက တစ်ကွက်ကို ပေါင်းပြီး ဝယ်လိုက်ကြပါတယ်။ကျန်တဲ့ပွဲရုံ ၁၅ရုံကလည်း နှစ်အိမ် ဒါမှမဟုတ် သုံးအိမ်၊ လေးအိမ်၊ ငါးအိမ်စသည်ဖြင့် ပေါင်းပြီး တစ်ကွက်စီဝယ်ပြီး ပွဲရုံဖွင့်ဖို့ စိုင်းပြင်းကြပါတယ်။အဲဒီမှာ ညှိနှိုင်းနေကြရင်း နဲ့ တစ်ကွက်စီ သီးခြားပွဲရုံဖွင့်တာထက် ၁၅အိမ် စုပေါင်းပြီး တစ်နေရာထဲ  ရောင်းတာက ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ညှိနှိုင်းကြပြီးတော့ ဗဗ ၄၂ တစ်ကွက်ကိုဝယ်ပြီး တစ်နေရာတည်း စုရောင်း ခဲ့ကြပါတယ်။  အဲဒီအချိန်က ရှိသမျှ ပွဲရုံတွေ ပေါင်းပြီး အရှေ့မြောက်တံခါးဆိုပြီး စလုပ်လာကြ တာပါ။
       ကွင်းထဲ ဝင်ရောင်းရင် ရောင်းတဲ့ ပမာဏအလျောက် ကွင်းကြေးကောက်ပြီး ကောက်လို့ရတဲ့ ငွေတွေကို ကုမ္ပဏီရဲ့ရင်းနှီးငွေအနေနဲ့ ထားခဲ့ကြပါတယ်။ အဲဒီတုန်းက ရှိသမျှ ပွဲရုံတွေ စုထားတဲ့ ကွင်းထဲကို ကုမ္ပဏီအဖွဲ့ဝင်ပွဲရုံေ တွကပဲ ရောင်းကြပြီး သတ်မှတ်ထားတဲ့ ကွင်းကြေးပေးဆောင်ကောက်ခံ (ကိုယ်ပေးကိုယ်ကောက်)ကြရင်းနဲ့ ရင်းနှီးငွေစုဆောင်းခဲ့ကြပါတယ်။အဲဒီတုန်း က ပွဲခ ၅ရာခိုင်နှုန်းယူတဲ့အတွက် ကွင်းကြေးကိုလည်း ပွဲရုံတွေ ကပဲ ပေးေ ဆာင်ခဲ့ကြတာပါ။ အရင်ဦးဆုံး (၁၀၅)မိုင်တက်တဲ့ ပွဲရုံ နှစ်ရုံကလည်း သူတို့အကွက်မှာ သူတို့သီးခြားစီ ရောင်းနေကြ တာပါ။ ကွင်း နှစ်ကွင်းကို အပြင်က လာရောင်းတာ မရှိပါဘူး။ ပွဲရုံ၁၅ ရုံ တစ်နေရာထဲ စုရောင်းတာ ရောင်းသူဝ ယ် သူ နှစ်ဦးနှစ်ဘက် အဆင်ပြေပြီး ကုန်သွယ်မှု ပမာဏလည်း  တစ်နှစ်ပြီးတစ်နှစ် ကြီးမားလာခဲ့ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ပစ္စည်း တင်ပို့မှု များပြားလာတဲ့အတွက် အရှေ့မြောက်တံခါး ကုမ္ပဏီဟာ ဇုန်ထဲက ရောင်း မထွ က်သေးတဲ့ A-24, A-25, B-59, 60, 61, 62 စတဲ့ အကွက်တွေကို အစိုးရဆီက  တိုးချဲ့ဝယ်ယူပြီး များပြားလာတဲ့ ဖရဲသီးတွေကို ရောင်းချရာမှာ အဆင်ပြေဖို့အတွက် အရောင်းစင်နဲ့ ရောင်းတဲ့စနစ်ကို  ပထမဦးဆုံး တည်ဆောက်  အကောင်အထည်ဖော်ခဲ့ပါတယ်။
       (၁၀၅)မိုင်မှာ တိုးပွားလာတဲ့ သစ်သီးပို့ကုန် ပမာဏအရ ပွဲရုံသစ် ဖွင့်ချင်တဲ့ သူတွေကို အရှေ့ မြောက်တံခါး ကုမ္ပဏီအကွက်ထဲမှာ သင့်တော်တဲ့ ဝင်ကြေးယူပြီး ပွဲရုံဖွင့်ခွင့်ပြုခဲ့ပါတယ်။ ကွင်း ကြေးကိုလည်း ကုမ္ပဏီအဖွဲ့ဝင်ေ တွ နည်းတူ တစ် ပြေးညီ ကောက်ခံခဲ့ပြီး ဦးစားပေးစနစ် ကင်းမဲ့စွာနဲ့ တန်းတူရောင်းချခဲ့ပါတယ်။ ကွင်းကြေးကောက်ခံပြီး ရရှိတဲ့ ငွေရင်းငွေနှီးကို ခေတ်ကာလအရ လိုအပ်တဲ့ ပို့ကုန်အရည်အသွေးမြင့် သရက်သီး စွပ်အိတ်၊ သခွား သီး သရက်သီးစွပ်ဖော့၊ သရက်သီးထည့်တဲ့ ပလတ်စတစ်ခြင်း၊ဖရဲဘောင်အုပ် ပလတ်စတစ်စတဲ့ စက်ရုံတွေကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရင်းနှီးမြှုပ်နှံ တည်ဆောက်ပြီး ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ရရှိသမျှ အကျိုးအမြတ်တွေ ကို ရင်းနှီးငွေအဖြစ်သာ ထားရှိပြီး တစ်ကြိမ်တစ်ခါမှ ခွဲဝေခြင်း မရှိခဲ့ပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ ငွေထပ်လိုလို့ ကုမ္ပဏီရှယ်ယာဝင်တွေ ထပ်ပြီးငွေထည့်ရတာ အကြိမ်ပေါင်း မနည်းတော့ပါ။ ထပ်ပြီးလာဖွင့်သမျှ ပွဲရုံတွေကို လက်ခံရင်းနဲ့ ဖရဲသီး၊ သခွားသီး ကားတွေလည်း တစ်နေ့တစ်ခြား များပြားလာလို့ ရောင်းကွင်းကြပ်ညပ်မှု ဖြစ်ပေါ် လာတဲ့အတွက်  ယခင်နေရာဟောင်းရဲ့ အရှေ့ ဘက်မှာရှိတဲ့ ကျောက်တောင်ကုန်းကြီးကို နမ့်ဟွယ်ရွာက မြေရှင်တွေနဲ့ ညှိနှိုင်း ပြီး တစ်ရွာလုံး လောက်နီးပါး သဘောတူလို့ ကွင်းသစ်အတွက် စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ နမ့်ဟွယ်ရွာအတွက် အများသုံး ၄၀ပေ× ၇၀ပေ RC နှစ်ထပ်ခန်းမတစ်ခုကို သိန်းပေါင်း ၁၄၀၀ ကျေ ာ် အကုန်ခံပြီး ဆောက် လုပ် လှူဒါန်းခဲ့တဲ့အပြင်(၁၀၅) မိုင်  ကျေးရွာအတွက် လိုအပ်နေတဲ့ မီးသတ်ကား တစ်စီးကိုလည်း ဝယ်ယူလှူဒါန်းခဲ့ပါတယ်။အဲဒီ တောင်ကုန်းမြေရဲ့ အများစုဟာ ဗြုံ းကျေ ာက်တွေ ဖြစ်ပြီး စိုက်ပျိုးလို့ မရတဲ့ မြေတွေပါ။ အရပ်စကား နဲ့ ပြောရရင် အလကားဖြိုပြီးယူပါ ဆိုရင်တောင် စိတ်ဝင်စားသူ မရှိလောက်တဲ့ ကျောက်တောင်ပါ။လုပ်ငန်းစတော့ အများစုက ဒီကောင်တွေ တော် တော်မိုက်တဲ့ ကောင်တွေဆိုပြီး သြဘာပေးခံခဲ့ရ တာပါ။ ရွာက မြေရှင်တွေနဲ့ ညှိ ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပြည်နယ်အစိုးရ အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုမိန့်နဲ့ စီမံကိန်းလုပ်ခဲ့တာပါ။
         ဒီကွင်းသစ်ကြီးကို တစ်နှစ်ပြီးတစ်နှစ် များပြားလာတဲ့ သစ်သီးပို့ကုန်အတွက် မရှိမဖြစ် လိုအပ်လို့ ကိုယ့်ဆီကပို့ကုန်တွေ အဆင်ပြေပါစေ ဆိုတဲ့ ရည်ရွယ်ချက်ပါ ရောထည့်ပြီး လုပ်ခဲ့တာပါ။စီးပွားတွက် တွက်ပြီးလုပ်မယ်ဆို တွက်ခြေမကိုက် နိုင်ပါဘူး။ကျောက်တောင်တွေကို ဖြိုချပြီး ထွက် လာတဲ့ မြေကွက်ရဲ့တန်ဖိုးဟာ ကုန်သွယ်ရေးဇုန် ထဲမှာရှိနေတဲ့ AA မြေကွက်တွေရဲ့ ကာလတန်ဖိုးထက် တန်ဖိုးမြင့်သွားလို့ပါပဲ။  ဒီနေရာကို လုပ်ရခြင်းက မြေဧရိ ယာအကျယ် တစ်ဆက်တစ်စပ်တည်း ရနိုင်လို့ပါ။ လက်ရှိ မြန်မာနိုင်ငံက သစ်သီးတွေကို လာရောက်ဝယ်ယူတာ တရုတ်နိုင်ငံရဲ့ ဒေသအစုံကပါ။ နိုင်ငံတကာ မျက်နှာစာမှာ ရောင်းချခြင်း ဖြစ်တဲ့အတွက် ရောင်းချတဲ့နေရာမှာ လွယ် ကူ မြန်ဆန်ဖို့ လိုအပ်သလို ခမ်းနားကြီးကျယ်တဲ့ ပုံရိပ်ရှိဖို့လည်း လိုအပ်ပါတယ်။ နောင်အနာဂတ်မှာ ဖြစ်လာမယ့် အခြေအနေတွေကိုလည်း ကြို တင်တွက်ဆထားရပါမယ်။ ငွေရေးကြေးရေးအကျိုး အမြတ် တစ်ခုထဲနဲ့သာ တွက်ြ ပီး လုပ်မယ်ဆိုရင် ဒီလောက်ခမ်းနားကြီးကျယ်အောင် မလုပ်လည်း ရနိုင်မှန်းကုမ္ပဏီက သိထားပါတယ်။ အရှေ့မြောက်တံခါး ကုမ္ပဏီက လက်ဝါးကြီးအုပ်မယ်ဆိုတဲ့ စိတ်ထားမျို းရှိရင် လက်ရှိ ဇုန်ထဲက သစ်သီးပွဲရုံ တန်းမှာ မြေ ကွက် လွတ်လုံးဝမရှိတော့တဲ့အချိန်ကတည်းက ပွဲရုံဖွင့်ခွင့်တံခါးပိတ်ထားလို့ ရခဲ့ပါတယ်။
          သစ်သီးကုန်စည်ဒိုင်ဆိုတာကလည်း အရှေ့ မြောက်တံခါး ကုမ္ပဏီလုပ်ပြီး  နောက်ပိုင်းမှပဲ  အရှေ့မြောက်တံခါး  အဖွဲ့ဝင်တွေကပဲ ကမကထ လုပ်ပြီး ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ကွင်းကြေး ကောက်ခံခြင်းနဲ့ ပတ်သက် ပြီးတော့ လည်း အပြင် ပွဲရုံတွေတစ်ရုံမှ မရှိသေးတဲ့အချိန်၊ စပြီးတည်ထောင်ကတည်းက ကိုယ့်ကွင်းထဲ ကိုယ်ရောင်းကိုယ့်ကွင်းကြေး ကိုယ်ပေးခဲ့ကြပြီး အခုလက်ရှိ အချိန်ထိလည်း ကွင်းကြေးကို အားလုံးနဲ့ တစ်ပြေးညီပေးဆော င်ပြီး တန်းတူညီမျှ စနစ်နဲ့သာ ရောင်း ချနေကြတာပါ။ ကုမ္ပဏီ အဖွဲ့ဝင်ပွဲရုံပဲ ဆိုပြီးတော့ ကွင်းထဲ ရောင်းချတဲ့နေရာမှာ အခွင့်ထူး ဝင်ယူခြင်း မျိုး လုံးဝမရှိခဲ့သလို နောင်လည်းရှိမှာ မဟုတ်ပါ ဘူး။   စည်းကမ်းလိုက်နာခြင်းဟာ ကုမ္ပ ဏီရဲ့ အသက်ပဲဆိုတာ အားလုံးက လက်ခံထားကြပါ တယ်။ လက်ဝါးကြီးအုပ်ဆိုတဲ့  အသုံးအနှုန်းရယ် ကွင်းကြေးဆိုတာရယ် ပြောသံကြားလို့ ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။ ပြောသံကြားလို့သာ ကွင်းကြေးနဲ့ပတ်သက်ပြီး တွေး မိတော့တယ်။ ကျွန်တော့် ဖရဲသီးကား ဝင်သလောက် ကျွန်တော်လည်း ကွင်း ကြေး ပေးခဲ့ရတာပါပဲ။ ဆယ်နှစ်ကျော်ကြာအောင် ပေးခဲ့ကြပေမယ့်လည်း အခုထက်ထိ ကုမ္ပဏီက အစုရှယ်ယာရှင်တွေကို ကွင်းကြေးရတဲ့အထဲက တစ်ပြားတစ်ချပ်မှ ပြန်ပြီး ခွဲဝေပေးခြင်း မရှိသေး တဲ့အပြင် ရင်းနှီးဖို့ ငွေလိုရင်  ထပ်ထည့်ခဲ့ရတာ အကြိမ်ရေ မနည်းတော့ပါ။ အရှေ့မြောက်တံခါး ကုမ္ပဏီရဲ့အာရုံဟာ မြန်မာနိုင်ငံက တင်ပို့ရောင်းချတဲ့ သစ်သီးမျိုးစုံ ရောင်းကွင်း ကြီး သစ်သီးနယ်ပယ် တစ်ခုလုံးအတွက် အဆင်ပြေချေ ာမွေ့စေပြီး နိုင်ငံ တကာပုံရိပ်မှာ တင့်တယ်စေရမယ်။ ဒီလုပ်ငန်းကြီး ထဲမှာလည်း သစ်သီးပို့ကုန်လုပ်ငန်းနဲ့ ပတ်သက် ဆက်နွယ်နေသူ အားလုံး ပူးပေါင်းပါဝင်ပြီး ဒီလုပ်င န်းကြီး ရေရှည်မှာ ရပ်တည်ရှင်သန် တိုး တက်သွားနိုင်ဖို့  ညီညွတ်သော စုပေါင်းအားနဲ့ တရားမျှတမှုရှိစွာ ဦးဆောင်မှု ပေးရင်း အားလုံးကို လက်တွဲပြီး ဖော်ဆောင်သွားပါမယ်။ ငွေရေး ကြေးရေး အမြတ်အစွန်းကိုချည်းပဲ ဦးတည် လုပ် ဆောင်နေခြင်း မဟုတ်ပါ။
         ရှေ့လာမယ့် အနာဂတ်မှာ သစ်သီးပို့ကုန်ရဲ့ အရည်အသွေးဟာ အရေးအပါဆုံး ဖြစ်လာမှာ ဖြစ်တဲ့အတွက် သရက်သီးစွပ်အိတ် စက်ရုံ၊ သရက်သီး၊ သခွားသီးစွပ် ဖော့စက်ရုံ၊ သရက်သီးခြင်း စက်ရုံ၊ ဖရဲသီးဘောင်အုပ် ပ လတ်စတစ် စက်ရုံတွေ ကို တည်ဆောက် လည်ပတ်နေပြီး နောက်ထပ် လိုအပ်လာမယ့် သစ်သီးထုတ်ကုန် အရည်အသွေး မြင့် အထောက်အကူပြု ပစ္စည်းတွေကို ထုတ်လုပ်နိုင်ဖို့ကိုလည်း ဆက်လက် ရင်းနှီးမြှုပ်နှံသွားမှာပါ။ သစ် သီးပို့ကုန်လုပ်ငန်း နိုင်ငံတကာနဲ့ ရင်ဘောင် တန်းပြီး ဖွံ့ဖြိုးသထက်  ဖွံ့ဖြိုးလာအောင် ရင်းနှီး မြှုပ်နှံပြီး လုပ်ဆောင်နေတာဟာ အရှေ့မြောက် တံခါးကုမ္ပဏီရဲ့ အဓိက ရည်မှန်းချက်ဖြစ်ပြီး ငွေကြေးအကျိုးအမြတ်  အဓိက မဟုတ် ဘူးဆိုတာ ကုမ္ပဏီရဲ့သက်တမ်း တစ်ဆယ့်တစ်နှစ်အတွင်းမှာ တစ်ခါမှ ငွေကြေးအကျိုးအမြတ် ခွဲဝေယူခြင်းမျိုး မရှိဘဲ ငွေကြေးထပ်မံ ထည့်ဝင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် နေရတဲ့ အချက်တစ်ခုတည်းနဲ့တင် ပေါ်လွင်နေပါတယ်။ ရှေ့ လာမယ့် အနာဂတ် ကာလမှာ မြန်မာ နိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ သစ်သီးပို့ကုန်လုပ်ငန်း ရေရှည်ခိုင်မာစွာ ရပ်တည် နိုင်ပြီး ပိုမိုဖွံ့ဖြို းတိုးတက်လာနိုင်ဖို့နဲ့ တရားမျှ တစွာ ရောင်းချနိုင်ဖို့ သစ်သီးလုပ်ငန်းနဲ့ ပတ် သက်တဲ့ အဝန်းအဝိုင်းထဲက လူများအားလုံးရဲ့ ပူးပေါင်း ပါဝင်မယ့် အင်အားကို အရှေ့မြောက်တံခါးကုမ္ပဏီ က နွေးထွေးစွာ ကြိုဆိုနေတဲ့အကြောင်း အသိပေးအပ်ပါတယ် ခင်ဗျား။

 

စိုင်းမြင့်ဗိုလ်

Local Trade News

Pages