ပဲခူးတိုင်းဒေသကြီး (အနောက်) ရေဘေးအတွက် ဆန်အိတ် ငါးသောင်း ရောင်းချပေးမည

Tue, 08/16/2016 - 06:50 -- admin_ygn

     ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့်  ရေဘေးအတွက် အဆိုပါဒေသရှိ မြို့နယ်အသီးသီးမှ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များက ဆန်အိတ် စုစုပေါင်း ငါးသောင်းကို ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ နတ် တလင်း၊ မိုးညို၊ လက်ပံတန်း၊ သာယာဝတီ မြို့များမှ ရေကြီးနစ်မြုပ်ဒေသများသို့ သွားရောက် လှူဒါန်းလိုသည့် မည်သည့်အလှူရှင်များမဆို နီးစပ် ရာမြို့နယ်များတွင် ဆန်အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်နှင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ  စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်ကြီး များ၊  မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်း များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ပေါင်းတည်မြို့၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် သြဂုတ် ၈ ရက်က အစည်းအဝေးကျင်းပခဲ့ သည်။
      အဆိုပါ အစည်းအဝေးတွင် ၂၅ မှတ်ဆန် ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ နှုန်းဖြင့် ဆန်အိတ် ၅၀၀၀၀ ရောင်းချပေးနိုင်ရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။ ရေဘေးသင့်ဒေသများအတွက် ဆန်အိတ်များဝယ်ယူ လှူဒါန်း လိုပါက ပြည်မြို့မှ ဦးဇော်ထက်ပိုင် (ဖုန်း - ၀၉၅၃၁၁၁၅၈) ၊ ဦးခင်ကြိုင် (ဖုန်း- ၀၉၅၃၁၁၁၁၀)၊ ဦးမြတ်သူ (ဖုန်း - ၀၉၅၃၁၀၁၁၇ ) တို့ထံတွင် ဆန်အိတ်  ၅၅၀၀ ပေါင်းတည်မြို့မှ ဦးထင်ဇော်လှိုင် (ဖုန်း - ၀၉၅၃၁၀၂၇၀)၊ ဦးမြတ် ထွန်း (ဖုန်း-၀၉၅၃၁၁၁၀၁)၊ ဦးမင်းလွင်ဦး (ဖုန်း-၀၉၅၃၁၀၅၆၈)၊ ဦးဇော်မိုး (ဖုန်း-၀၉၅၃၁၀၉၃၈) တို့ထံတွင် အိတ် ၅၅၀၀ ဇီးကုန်းမြို့မှ ဦးလှသိန်း (ဖုန်း -၀၉၅၃၆၃၁၉၅ )ထံတွင် အိတ် ၅၅၀၀၊ ကြို့ပင်ကောက်မြို့မှ ဦးသိန်းထွန်း (ဖုန်း -၀၉၅၃၇၄၄၄၇)ထံတွင် အိတ် ၅၅၀၀၊ အုတ်ဖိုမြို့မှ ဦးခင်မောင်ချို (ဖုန်း - ၀၉၅၀၄၆၆၀၂)ထံတွင် အိတ် ၅၅၀၀ ၊ မင်းလှမြို့မှ ဦးလူမော်(ဖုန်း -၀၉-၄၃၃၉၉၃၃၃) ထံတွင် အိတ် ၆၀၀၀၊ လက်ပံတန်းမြို့မှ ဦးလှဦး  (ဖုန်း- ၀၉၇၈ ၀၇၈၀၁၁၁)၊ ဦးရဲထွန်းဦး (ဖုန်း- ၀၉၅၃၇၂၄၄၄) တို့ထံတွင် အိတ် ၅၅၀၀ ၊ သာယာဝတီမြို့မှ ဦးထွန်းလင်းအောင် (ဖုန်း - ၀၉၅၃၆၀၇၄၅) ထံတွင် အိတ် ၅၅၀၀ စုစုပေါင်း အိတ် ၅၀၀၀၀ ကို သြဂုတ် ၈ ရက်မှစ၍ ရောင်းချပေး လျက် ရှိကြောင်း သတင်းရရှိပါသည်။

 

ထွန်းမင်းထွန်း(ပြည်)

Local Trade News

Pages