ပုသိမ်-ရန်ကုန် အဝေးပြေးကားလမ်းမကြီးတစ်လျှောက် ရေကျော်နေ၍ ကားတန်ဆာခဈေးနှုန်းများ မြင့်တက်

Thu, 08/25/2016 - 09:04 -- admin_ygn

        ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်   သြဂုတ်လ ဆန်းပိုင်းက ကားတန်ဆာခ ဆန်တစ်အိတ်လျှင် ၄၀၀ ကျပ်မှ သြဂုတ်လ (၅၊၆) ရက်မှစ၍  ပုသိမ်-ရန်ကုန် ကားလမ်းမ ပေါ်တွင် ရေကြီးလျက်ရှိရာ ယခင်တန်ဆာခ ၄၀၀ ကျပ်မှ ၄၅၀-၅၀၀ ကျပ်သို့ တဖြည်းဖြည်း    မြင့်တက်လျက်  ယခု လက်ရှိအချိန်တွင် ဆန်တစ်အိတ်လျှင်   ၆၀၀ ကျပ်နှုန်း မြင့် တက်သွားကြောင်း ပုသိမ်မြို့၊ မြတ်လေးလမ်း  ကိုကျော်လွင် ကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ ဂိတ်မှူး ဦးကျော်လွင်က ပြောပါတယ်။
          ယခုလက်ရှိကုန်ကားအထွက်မှာ ယခင်ကထက် လေးပုံ တစ်ပုံခန့်သာထွက်ရှိပြီး ယခင်ကားအစီးရေ ၄၀ ထွက် လျှင် ယခု ၁၀ စီးခန့်သာ ထွက်ရှိကြောင်း၊ ရန်ကုန်သို့ ကုန်စည်များ ပို့ဆောင်ရာတွင် နှစ်ပတ်လည် ဆန်၊ ဆန် ကွဲ၊ ဖွဲနုနှင့် ပွင့်လင်း ရာသီရောက်လျှင် ဒေသထွက် ငါးပိ၊ ငါးခြောက်၊ ဆား၊ အုန်း သား၊ ကြက်စာ၊ ဘဲစာနှင့် အခြားကုန်စည်တို့ကို တင်ပို့လျက် ရှိပြီး ရန်ကုန်စော်ဘွားကြီးကုန်းမှ  အိမ်ဆောက်ပစ္စည်း၊ အိမ် အလှဆင်ပစ္စည်းများ ၊ ဘိလပ်မြေနှင့် သံချောင်းများ၊ သီရိ မင်္ဂလာဈေးမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဘုရင့်နောင်ပွဲရုံမှ စားဖိုဆောင်သုံးသီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ အာလူး၊ဆီ၊ မုန့်မျိုးစုံနှင့် အခြားကုန်စည်များ၊ မင်္ဂလာဈေးမှ အလှ ကုန် ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကို ကားအသေး ဒိုင်နာ ၁၂ ပေ၊ ကုန် ( ၅-၆ ) တန်၊ ကားအလတ်၂၀ ပေ ၊ ကုန်တန်ချိန် ( ၉-၁၁) တန်နှင့် ကားအကြီး ၁၀ ဘီး၊ ၁၂ ဘီးကား ၃၂ ပေ၊  ၁၆ တန်အောက် ကားများနှင့် ရန်ကုန်  -ပုသိမ် အဓိက  သယ်ယူပို့ဆောင်လျက်ရှိကြောင်း ၎င်းင်းက ဆက်လက်ပြောကြားပါတယ်။
         ယခုလိုရေကြီးချိန် ကားအင်ဂျင်ပိုင်းနှင့် ဘရိတ်ပိုင်းများ ထိခိုက်မှုရှိပြီး လက်ရှိတွင် ကားသုံးစီး အင်ဂျင်အတွင်း ရေဝင်သွားကြောင်း လက်ရှိကုန်စည်တင်ဆောင်ရာတွင် ပုံမှန်ထက် တင်လိုအား လျော့တင်ပြီး ကားကြမ်းခင်း သို့ ရေမဝင်အောင် တင်ဆောင်သွားလာလျက်ရှိကြောင်း   ရေပြန်ကျချိန် လမ်း ပျက်စီးထိခိုက်မှုအပေါ် မူတည်၍လည်း ကားတန်ဆာခဈေး နှုန်းများ ဆက်လက်မြင့်တက်နိုင်ကြောင်း ကားဂိတ်မှူးက ထပ်မံပြောကြားပါတယ်။

 

မင်းမင်းဦး

Local Trade News

Pages