နို့ဆီ တန်ချိန်၁၀၀ကျော်နဲ့ နို့မှုန့်တန်ချိန် ၁၅၀နီးပါးဝင်

Tue, 10/11/2016 - 07:08 -- admin_ygn

       စက်တင်ဘာ၂၅ရက်မှ အောက် တိုဘာ ၁ရက် သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၁၅၈၉၆၀တန်ဖိုးရှိ နို့ဆီ၁၂၄ ဒသမ ၂၀တန်ကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဒွန်းနို့ဆီတစ်မျိုးတည်း သာ ဝင်လာခဲ့တယ်လို့သိရပါတယ်။  ယခင် သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန်၂၇၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုကတန်ချိန်  ၁၄၀ကျော် လျော့ နည်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားမှ နို့မှုန့် ၅၂ ဒသမ၈၅၃တန်၊ နယူး ဇီလန်မှ ၅၀ဒသမ ၄၀တန်၊ ဗီယက်နမ်မှ ၁၁ ဒသမ ၇၀ တန်၊ စင်ကာပူမှ  ၂၉ ဒသမ၆၄၈တန် စုစုပေါင်း ၁၄၄ ဒသမ ၅၈၃တန် တင်သွင်းခဲ့တယ်လို့  သိရပါတယ်။ ယခင်သီတင်းပတ်က နို့မှုန့်တစ်တန်ကျော်သာ တင်သွင်းခဲ့တာကြော င့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၄၀ကျော်ပိုမို တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages