နိုင်ငံစုံမှ မြေသြဇာတန်ချိန် ၃၆၀၀ ကျော်ဝင်

Tue, 06/27/2017 - 04:31 -- admin_ygn

         ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၉၁၀၈၁ တန်ဖိုးရှိ မြေသြဇာ ၃၆၈၂ ဒသမ ၆၆၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘယ်လ်ဂျီ ယံနိုင်ငံမှ သုညဒသမ ၈၅ တန်၊ ချီလီနိုင်ငံမှ သုညဒသမ ၀၀၆ တန်၊ တရုတ်နိုင်ငံမှ ၆၉၄ ဒသမ ၁၀ တန်၊ ဂျာမနီနိုင်ငံမှ သုညဒသမ ၀၀၅ တန်၊ အိန္ဒိယနိုင်ငံမှ သုညဒသမ ၇၅၁ တန်၊ အင်ဒို နီးရှားနိုင်ငံမှ ၆ တန်၊ အစ္စရေးနိုင်ငံမှ ၆၅ ဒသမ ၉၆၅ တန်၊ ကိုရီးယားနိုင်ငံမှ ၅၁၃ ဒသမ ၅၀ တန်၊ မလေးရှားနိုင်ငံမှ ၉၂၈ တန်၊ နယ်သာလန်နိုင်ငံမှ သုညဒသမ ၇၅ တန်၊ နော်ဝေနိုင်ငံမှ ၂ ဒသမ ၇ တန်၊ ပိုလန်နိုင်ငံမှ သုညဒသမ ၅၅ တန်၊ စင်ကာပူ နိုင်ငံမှ ၁၆ ဒသမ ၈၉၆ တန်၊ ဆွီဒင်နိုင်ငံမှ သုညဒသမ၀၈ တန်၊ ထိုင်းနိုင်ငံမှ ၁၂၄၂ ဒသမ ၅၀ တန်၊ တူရကီနိုင်ငံမှ သုညဒသမ ၀၁ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန်၂၁၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်ဆီယမ် ဆာလဖိတ်၊ ကော့ပါးဆာလဖိတ်၊ နိုက်တြိုဂျင်၊ ဇင့်ဆာလဖိတ်၊ ကွန်ပေါင်း၊ အာမို၊ ဓာတ်ဆားနဲ့အော်ဂဲနစ်တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာ တန်ချိန် ၃၄၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာတန်ချိန် ၂၁၀ ကျော်အဝင် ပိုခဲ့တယ်လို့သိရပါတယ်။ 

 

သီတာဝင်း (DOT)

Local Trade News

Pages