ဒီတစ်ပတ် ဘိလပ်မြေတန်ချိန် ငါးသောင်းကျော်ဝင်

Wed, 08/10/2016 - 08:02 -- admin_ygn

      ဇူလိုင် ၂၄ ရက်မှ၃၀ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၈၄၇၇၁၉ တန်ဖိုးရှိ ဘိလပ်မြေ ၅၃၂၉၂ ဒသမ ၈၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄၆၈ တန်၊ ယူနိုက်တက် ကင်းဒမ်းမှ ၂ဒသမ၈၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၂၈၂၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်နဲ့ဂျန်ဘို၊ အင်စီးဘိလပ်မြေတို့ ဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၇၂၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၆၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။
     လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း ဘိလပ်မြေတင်သွင်းမှု  စုစု ပေါင်းမှာ တန်ချိန် တစ်သိန်းငါးသောင်းခုနစ်ထောင်ကျော်ရှိခဲ့ပြီး  ဇူလိုင်လမှာ  စုစု ပေါင်းတန်ချိန်တစ်သိန်း သုံးသောင်းကျော် တင်သွင်းနိုင်ခဲ့တာေ ကြာင့် ဇူလိုင်လမှာ ဘိလပ်မြေတန်ချိန်၂၁၀၀၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့  သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages