တရားမဝင်ကုန်သွယ်မှုများကို တားဆီးခြင်းဖြင့် ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနိုင်ရေး ကြိုးပမ်းကြပါစို့

Tue, 12/27/2016 - 04:29 -- admin_ygn

         ကုန်သွယ်မှုတိုးတက်ရရှိရေးသည် တရား မဝင်ကုန်သွယ်မှု လျော့နည်းမှသာ တိုးတက် ရရှိလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကို လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ နယ်စပ်လမ်းကြောင်းတစ်လျှောက် ဝင် ထွက်ပေါက်တွေ များပြားလှတာကြောင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုမှာ တရားဝင်ကူးသန်းရောင်းဝယ်တာထက် တရားမဝင်ကူးသန်းရောင်းဝယ်တာက ပိုမိုများပြားနေလိမ့်မယ်လို့လည်း ခန့်မှန်းမိပါတယ်။ လွတ်လပ်စွာ ကူးသ န်းရောင်းဝယ်မှု ပြုခွင့်မရခင်ကတည်းက မှောင်ခိုလမ်းကြောင်းများ များစွာတည်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ကုန်သွယ်မှုကို တရားဝင်ထုတ်ပြန်ထားတဲ့ပမာဏထက် အမှန်တကယ် ကုန်သွယ်မှုပမာဏက ပိုမိုများပြားနေတယ် ဆိုတာကို တစ်ဖက်အိမ်နီး ချင်းနိုင်ငံက ထုတ်ပြန်တဲ့ကုန်သွယ်မှုပမာဏကို ကြည့်ရင် သိနိုင်ပါတယ်။
         အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ် နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ် ဒေသတွေနဲ့ တနံတလျား ရှည်လျားလှတဲ့ နယ်စပ်လမ်းကြောင်း တည်ရှိနေတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေဟာ ခေတ်အ ဆက်ဆက် တည်ရှိ နေခဲ့တာဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏ တိုးတက်ဖို့အတွက် တရားမဝင်ကုန်သွယ်မှုတွေကို လျှော့ချနိုင်ဖို့ ဆောင်ရွက်ရာမှာ မိုဘိုင်းအဖွဲ့ဖွဲ့စည်းပြီး တားဆီးဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို မိုဘိုင်းအဖွဲ့ ဖွဲ့စည်း ပြီး ဆောင်ရွက်ခဲ့ရာမှာ တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်သူတွေဟာ သူတို့ ကျင်လည်ကျက်စားရာ ဒေသတွေဖြစ်တဲ့အတွက် မိုဘိုင်းအဖွဲ့မရောက် နိုင်၊ မရှိနိုင်တဲ့ လမ်းကြောင်း (သူတို့အခေါ် ရှောင်ကွင်းလမ်း)ကနေ ကုန် သွယ်မှုပြုကြပါတယ်။ ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အဖွဲ့စုံပါဝင်တဲ့မိုဘိုင်းအဖွဲ့ကို ဖွဲ့စည်းပြီး တရား မဝင်ကုန်သွယ်မှုကို တားဆီးခဲ့ပါတယ်။ မိုဘိုင်းအဖွဲ့ရှိစဉ်အခါက မူဆယ် -မန္တလေး ကုန်သွယ်မှုလမ်းကြော င်း တစ်လျှောက်အဖွဲ့စုံ အဖွဲ့နှစ်ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ထုတ်နုတ်ဝန်ထမ်းအင်အားအပါအဝင် အဖွဲ့စုံ ပူးပေါင်းအင်အားဖြင့်လည်းကောင်း၊ လရ (၁)ပူးပေါင်း အဖွဲ့တစ်ဖွဲ့မှ နောင်ချိုတိုးဂိတ်တွင် အခြေပြုလျက်လည်းကောင်း တရားမဝင်ကုန် သွယ်မှု တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာ အဆိုပါအဖွဲ့နှစ်ဖွဲ့ပေါင်းမှ တစ်လလျှင် ပျမ်းမျှ ကျပ်သိန်းပေါင်း  ၁၀၀၀၀ ကျော် လစဉ် ဖမ်းဆီး ရမိမှုရှိခဲ့ကြောင်း သိရှိရပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ထုတ်နုတ်အင်အား မိုဘိုင်းအဖွဲ့က ဖမ်းဆီးရမိမှုမှာတစ်လလျှင် ကျပ်သိန်း ၅၀၀၀ကျော်၊ နောင်ချိုတိုး ဂိတ်အခြေပြု လရ(၁)မိုဘိုင်းအဖွဲ့က လစဉ်ကျပ်သိန်း ၅၀၀၀ ကျော် ပုံမှန် ဖမ်းဆီးရမိကြောင်း တွေ့ရှိရပါတယ်။
        ဒါ့အပြင် ကွတ်ခိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ နွားဈေး(ငါးရက်တစ်ဈေး)ဟာ တစ်ဖက်နိုင်ငံသို့ ကျွဲ၊ နွားများ တရားမဝင် တင်ပို့ရောင်းချနိုင်ဖို့ တရားဝင် ဖွင့်လှစ်ထားသလို ဖြစ်နေခဲ့ပါတယ်။  ဝိသမလောဘသမား ကုန်သည်များဟာ နယ်မြေ အေးချမ်းတည်ငြိမ်မှုမရှိတာကို အကြောင်းပြုပြီး ရှောင်ကွင်းလမ်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကျွဲနွားတွေကို တရားမဝင်တင်ပို့လျက်ရှိပါတယ်။ အဲဒီဝိသမသမားကုန်သည်တွေဟာ သူတို့ရဲ့ကုန်စည်တွေကို တစ်ဖက်နို င်ငံကို တင်ပို့ခွင့်ရနိုင် ဖို့အတွက် တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများထံ ဆက်ကြေးပေးပြီး တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုကို အရသာတွေ့နေကြတဲ့ နယ်မြေဒေသခံအချို့နဲ့ ပူးပေါင်းပြီး ေ မာ်တောင်းကျေးရွာကိုအခြေပြု၍ ပန်ဆိုင်း၊ ကျိန်စန်းကျော့လမ်းကို အဓိကအသုံးပြုလျက် ကျွဲ၊ နွား၊သစ်များနဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကိုပင် ပို့ဆောင်ပေးလျက်ရှိသလို သွင်းကုန်ပစ္စည်းများကိုလည်း မူဆယ်မြို့မှသယ်ဆောင် ပြီး မူဆယ်-ကျိန်စန်းကျော့ ကျောက်တိုင်လမ်းခွဲ တုန်ခန်ကျေးရွာထိပ်နားမှ ဝင်ရောက်ပြီး ကျိန်စန်းကျော့၊ ပန်ဆိုင်း၊ မော်တောင်းလမ်း ကြောင်းအတိုင်း တရားမဝင်သွားလာလျက်ရှိတာ ကို တွေ့ရပါတယ်။ ဒါ့အပြင် အချို့သော လုပ် ငန်းရှင်များဟာ တစ်ပိုင်တစ်နိုင် ဆိုင်ကယ်ကယ်ရီများကို အသုံးပြုပြီး ကုန်စည်များကိုသယ်ဆောင်ကာ မော်တောင်းရွာမှာ အခြေပြုစုပုံသိုလှောင်ပြီး ကားကြီးများနဲ့ သယ်ဆောင်လျက်ရှိတယ်လို့ သိရှိရပါတယ်။ နမ့်ဖတ်ကာ၊ နမ့်ခမ်း၊ မူဆယ်လမ်းမကြီးကလည်း တရားမဝင် အဓိကကုန်သွယ်မှုလမ်း ကြောင်းအဖြစ် တည်ရှိနေပြီး မိုးရာသီတွင်ထော် လာဂျီ၊ ဒိုင်နာများသာ သွားလာလျက်ရှိသော်လည်း မိုးလွတ်ရာသီအချိန်များမှာ (၁၂)ဘီး ကားများပါသွားလာလျက် ရှိတာကို တွေ့ရှိရပါတယ်။ အဲဒီလမ်းကြောင်းကနေ ပို့ကုန်ပစ္စည်းအဖြစ် သစ်မာများ၊ တမလန်းသစ်များ၊ ကျောက်စိမ်း၊ မီးသွေးနဲ့ ကချင်ပြည်နယ်ကထွက်ရှိတဲ့ သစ်တော ထွက်ပစ္စည်းများကို နမ့်ခမ်းဘက်ရှိ မန်ဟီရိုး လှေဆိပ်မှတစ် ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိပါတယ်။ အဆိုပါ မန်ဟီရိုးလှေဆိပ် ဟာ မူဆယ်နဲ့တစ်ဖက်နိုင်ငံ အကြားမှာရှိတဲ့ အကြီးမားဆုံး လှေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။
         မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ လမ်းကြောင်း ပေါ်မှာရှိတဲ့ နမ့်ခမ်းမြို့တွင်း ဘယ်နေရာကမှ အဲဒီလမ်းကြောင်းကနေ ဝင်လာတဲ့ တရားမဝင်ကုန်စည်တွေကို ထိန်းကျောင်းတားဆီးစစ်ဆေး နိုင်ခြင်းမရှိတဲ့တွက် မှောင်ခိုကုန် သွယ်သူတွေအတွက် တရားဝင်ဖွင့်လှစ်ပေးထားတဲ့ လမ်းaကြာင်းတစ်ခုအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကို ရှောင်ကွင်းပြီး အဲဒီဇုန်အနီးမှာရှိတဲ့ မန်မော်ရွာမှတစ်ဆင့် အေးရှားဝေါလ် တိုးဂိတ် အလွန်က ရှောင်ကွင်းလမ်းဟာလည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ရှိစဉ်က တရားမဝင် သွားလာ နေမှု သတင်းကို စဉ်ဆက်မပြတ် ရယူခဲ့ပါတယ်။ အဲဒီလို တရားမဝင် သွားလာနေမှုများကို စဉ်ဆက်မပြတ်ရယူခဲ့မှုများေ ကြာင့် အဲဒီရှောင် ကွင်းလမ်းသာမက မော်တောင်းရှောင်ကွင်းလမ်းမှပါ စောင့်ဆိုင်းပိတ်ဆို့ ဖမ်းဆီးခြင်း၊ OSS မနရ အင်အားနဲ့ ရှောင်ကွင်းလမ်းမှာ ရှောင်တခင်ဝင်ရောက်စစ်ဆေး ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် တရား မဝင်ကုန်သွယ်မှုတွေကို အထိုက်အလျောက် တားဆီးနိုင်ခဲ့သလို  တရားမဝင် ကုန်သွယ်မှုကို လည်း လျော့ကျစေခဲ့ပါတယ်။ အဲဒီအချိန်က ကုန် သွယ်မှု ပမာဏဟာ ယခင်ခေတ်များကထက် ပိုမို မြင့်တက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲဒီလမ်းကြောင်းများ မှာ ဒေသခံလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကြီးစိုးမှုကြောင့် ရှောင်ကွင်းလမ်းများကို ဝင် ရောက် စစ်ဆေးပိတ်ဆို့ဖမ်းဆီးခြင်းများ ဆောင် ရွက်နိုင်မှုမရှိတဲ့အတွက် တရားမဝင်ကုန်သွယ်မှု တွေဟာ တစ်နေ့တခြား ပိုမိုများပြားလာတာကို တွေ့ရှိနေရပါတယ်။ တရားမဝင်ကုန်သွယ်မှုတွေ ပိုမိုများပြားလာတာနဲ့အမျှ မိမိနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏဟာ လျော့ကျလာမှာဖြစ် သလို ကုန်သွယ်မှုမှရရှိတဲ့ ကုန်သွယ်မှုဝင်ငွေ လျော့ကျလာမှာဖြစ်ပါတယ်။ ကုန်သွယ်မှုဝင်ငွေလျော့ကျလာသလို နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။
          ဒါကြောင့် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများ လျော့နည်း၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ရေး အတွက် ယခုအချိန်မှာလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၆ ခုနှစ်၊ အောက် တိုဘာလမှ ဒီဇင် ဘာလအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်ရှိ ကုန်သွယ်ရေးဦးစီးဌာနနဲ့ OSS မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များပူးပေါင်းပြီး ကုန်သွယ်ရေးဇုန်ဝင်း အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တားဆီးမှု များ ပြုလုပ်ခဲ့ရာ အမှုတွဲကိုးမှု၊ ကျပ်သိန်းပေါင်း ၄၃၉ သိန်းကျော် တားဆီးနိုင်ခဲ့ပြီး OSS (အကောက်ခွန်)အနေဖြင့် အမှုတွဲ ၂၀၊ ကျပ်သိန်း ပေါင်း ၉၁၅ သိန်းကျော် တားဆီးအရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရားမဝင် ကုန်သွယ် မှုများလျော့နည်း ပပျောက်မှသာ တရားဝင်ကုန်သွယ်မှုပြုနေကြတဲ့ ကုန်သည်များလည်း အကျိုးခံစားခွင့် ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်စည်များကို ယှဉ်ပြိုင်ရောင်းချရာမှာလည်း တရားသောနည်းနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်ကြ မှာဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး အတွက် ဌာနဆိုင်ရာများမှ တားဆီး ထိန်းသိမ်းဆောင်ရွက်ရမှာ ဖြစ်သလို ကုန်သည်လုပ်ငန်းရှင်ကြီးများကလည်း ဒေသတွင်း ကုန်သွယ်မှု ပြုလုပ်နေသူများ အား တရားမဝင် ကုန်သွယ်မှု မပြုလုပ်ရေး၊ တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရေး တွန်းအားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန် အခများ ပြည့်ဝစွာရရှိပြီး ကုန်သွယ်မှု ပမာဏလည်း တိုးတက် လာမှာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုတားဆီးခြင်းမှ သည် ကုန်သွယ်မှုလုပ်ငန်းများ လမ်းကြောင်းမှန်ပေါ် သို့ ရောက်ရှိနိုင်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမှာဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

 

နေသူအောင်

Local Trade News

Pages