စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် မန္တလေးမြို့ ၌ ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Thu, 08/25/2016 - 05:37 -- admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့်သည် ကုန် သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက်  သြဂုတ်လ ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ၇၈ လမ်းမပေါ်ရှိ  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းအသင်းရုံး၌ ကျင်းပပြုလုပ်သော ကုန်သည်လုပ်ငန်း ရှင် များနှင့် တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
      ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် အဓိက ဆောင်ရွက်နေကြသည့် ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များ၊ ကုန်သည် လုပ်ငန်း ရှင်များ၊ကုန်စည်ဒိုင်များ၊ ကုန်သွယ်မှု နှင့် သက်ဆိုင်သော အသင်းအဖွဲ့များ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဝယ်ယူ ရောင်းချမှု၊ သယ်ယူပို့ဆောင်မှုအစရှိ သော လုပ်ငန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကိုသိရှိလို၍ လာရောက်ရခြင်းဖြစ်ကြောင်း၊ ကုန်သွ ယ်မှုကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသော ကဏ္ဍမှ ပါဝင်သလို မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင်လည်း အရေးပါသည့်အတွက် မိမိတို့ဝန်ကြီးဌာနသည် ကုန်သွယ်မှု တိုးြ မှင့်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု ဖြေလျော့ ပေးရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး၊ ကုန်သွယ်မှုပညာပေးရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုြ မှင့်တင်ရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးဟူသော မဏ္ဍိုင် ကြီး(၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင် စိုက် ပျိုးထုတ်လုပ်သူ၊ ကုန်ပစ္စည်း ထုတ်လုပ် သူ၊ ကြိတ်ခွဲသူ၊ သယ်ယူပို့ဆောင်သူ၊ သိုလှောင် သူ၊ ထုပ်ပိုးသူ၊ ဖြန့်ဖြူးရောင်း ချသူ၊ စားသုံးသူ အစရှိသောSupply Chain လုပ်ငန်းစဉ်တစ်ရပ်လုံးတွင်ရှိ နေကြသူအားလုံးသည် အပြန်အလှန် အကျိုးသက်ရောက်မှုနှင့် အခွင့်အလမ်း များ တစ်ပြေးညီရရှိစေရန် လိုအပ်ပါ ကြော င်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဒေသတွင်း ကူးသန်းရောင်းဝယ်မှုအဆင့်မှ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ကူးသန်း ရောင်းဝယ်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း လုပ်ကို င်နိုင်ရေး ကျင့်ဝတ်များ နှင့်အညီ ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင် မလိုလားအပ်သော ကုန်ကျစရိတ်နှင့် အချိန်လျှော့ချနိုင် ရေးတို့အတွက် မိမိဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
         ထို့နောက် ပြည်ထောင်စု မြန်မာ နိုင်ငံကုန်သည်/စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် ညီနောင်အသင်းများ၊ ကုန်သည်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်း များဆောင်ရွက်ရာတွင် တွေ့ကြုံရ သော အခက်အခဲများအား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

 

MOC (IR)

Local Trade News

Pages