စခန်းစုံမှ ပြောင်းတင်ပို့

Tue, 06/07/2016 - 09:17 -- admin_ygn

          မေ ၂၁ ရက်မှ ၂၇ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၈၀၀ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၅၂၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၀၅ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၁၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုး ရှိ ပြော င်းဖူးစေ့ ၈၇ တန်ခွဲကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ယခုတစ်ပတ် မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထားများမှာ ပြောင်းတစ်ပိဿာကို ၆၈-၇၇ ကျပ်ရှိပြီး ယခု တစ်ပတ် အတွင်း ကုန်ပစ္စည်း သယ်ပို့ကားခများမှာ မြင့်တက် လျက်ရှိတယ်လို့ မန္တလေးကုန်စည် ဒိုင်မှ သိရှိရပါတယ်။

 

မြင့်မြင့်မာ

Local Trade News

Pages