ကရင်ပြည်နယ် ဖာပွန်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ဟောပြောဆွေးနွေး

Thu, 02/18/2016 - 04:02 -- admin_ygn

          ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော် ဝါ ရီ ၉ ရက်က ကရင်ပြည်နယ် ဖာပွန်မြို့ ယွန်းစလင်း ခန်းမတွင် စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်း  ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်းက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်   စားသုံးသူ၏အခွင့်အရေး၊ တာဝန်၊ စီးပွားရေးလုပ်ငန်းရှ င်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ တာဝန်ယူဆောင်ရွက်နေသည့် ကော်မတီများနှင့် ဆောင်ရွက်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ တရားမဝင် ကုန်သွယ်မှုနှင့်ကုန်စည်များ ကြောင့် စားသုံးသူများအပေါ်ထိခိုက်မှု၊ တရု တ်နိုင်ငံမှ မြောင်းဆီများအကြောင်း၊ ဓာတုဆိုး ဆေးများနှင့် အစားအစာများတွင် အသုံးပြုနေမှု အကြောင်း၊ သက်ဆိုင်ရာဌာနများက  ကဏ္ဍအလိုက် စိစစ်ဆောင်ရွက်နေမှုနှင့်စားသုံးသူ အကာအကွယ်ပေးရေး ကိစ္စရပ်များတွင် ပြ ည်သူ တစ်ဦးချင်းက ပါဝင်ဆောင်ရွက်ရန် လိုအပ်မှုများကို Video ပြကွက်၊   ဓာတ် ပုံမှတ်တမ်းများဖြင့် ရှင်းလင်းဆွေးနွေးပါသည်။
         ဆွေးနွေးပွဲသို့ ဖာပွန်အခြေချ စစ်ဗျူဟာမှူးနှင့် အရာရှိကြီးများ၏ဇနီးများ၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖာပွန် အခြေခံပညာ အထက်တန်းကျောင်းမှ ကျော င်းသား၊ ကျောင်းသူများ ၊ မြို့မိမြို့ ဖများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆန်းဦးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

 

ခင်ကြည်၊ စားသုံးသူရေးရာ၊ ကရင်ပြည်နယ်

Local Trade News

Pages