၂၀၂၀တွင် ကမ္ဘာ့ကားဈေးကွက်၌ မြင့်မားစွာဆက်လက်ရပ်တည်မည်ဟု တိုယိုတာမျှော်မှန်း

Tue, 01/07/2020 - 07:22 -- admin_ygn

      ဂျပန်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သည့် တိုယိုတာကော်ပိုရေးရှင်းသည် ကမ္ဘာ့ထိပ်တန်း မော်တော်ကားဈေးကွက်ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့၏ ဈေးကွက်များအနည်းငယ် အေးသွားသော်လည်း ၂၀၂၀ ပြည့်နှစ်တွင်အမြင့်ဆုံးဆက်လက် ထိန်းထားနိုင်မည်ဟု မျှော်မှန်းထားသည်။ အော်တိုမော်တော်ကား  ထုတ်လုပ်သည့် ကမ္ဘာကျော်ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ထုတ်လုပ်ရောင်းချမှုကို မြှင့်တင်ဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် များကို လျှော့ချခြင်း၊ self-driving  မော်တော် ယာဉ်များနှင့် လျှပ်စစ်စွမ်းအင် အသုံး ပြုသည့် မော်တော်ယာဉ်များထုတ်လုပ်ခြင်း စသည့် နည်းပညာအသစ်အဆန်းများ ကို တီထွင်ဆောင်ရွက်လာကြသဖြင့် မော်တော်ကားထုတ်လုပ်ရောင်းချမှု ဈေးကွက် ၏ ပြိုင်ဆိုင်မှုလည်းမြင့်မားလာသည်။

      ဂျပန်မှ  အော်တိုကားထုတ်လုပ်သည့် တိုယိုတာအနေဖြင့် လာမည့် ၂၀၂၀ နှစ်တွင် အစီးရေ ၁၀ ဒသမ ၇၇ သန်းအထိ  ရောင်းချသွားရန် ပြင်ဆင်နေကြောင်း၊ ယခုဒီဇင်ဘာအကုန်တွင် စီးရေ ၁၀ ဒသမ ၇၂ သန်းရောင်းချရန် ဆောင်ရွက်သွား မည်ဟုဆိုသည်။ ဂျာမနီနိုင်ငံမှ Volkswagon    ကားထုတ်လုပ်မှုသည် လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလက  ထိပ်တန်းရောင်းအားအကောင်းဆုံး  စာရင်းဝင်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်းက MAN  နှင့် Scaniax  ရပ်ကားကြီးများအပါအဝင်  အစီးရေ ၁၀ ဒသမ ၈၃ သန်းခန့် ထုတ်လုပ်ရောင်းချခဲ့သည်။ 

 

ရင်းမြစ်။ The Japan Times Japan Today Asahi shinbun English News

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့။

International Trade News

Pages