အိမ်ရာဝယ်ယူမှုအပေါ် တရုတ်အစိုးရက တင်းကျပ်သည့်ကန့်သတ်ချက်များ ချမှတ်

Fri, 12/16/2016 - 06:10 -- admin_ygn

         ယခုနှစ်အစောပိုင်းမှ နိုဝင်ဘာ အထိ တရုတ်ပြည်မကြီး၏မြို့၂၁မြို့ တွင် အိမ်ရာအသစ် ရောင်းချမှုများ ၂၂ရာခိုင်နှုန်းအထိကျဆင်းခဲ့သော်လည်း တရုတ်နိုင်ငံ၏ မြို့အတော်များများရှိ မြူနီစီပယ်အစိုးရများ အထူးသဖြင့် ရှန် ဟဲ၊ တီယန်ကျင်းနှင့် ကျီနန်မြို့များတွင် အိမ်ရာရောင်းဝယ်မှုများ အပေါ် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ခဲ့သည်။ ရှန်ဟဲတွင် ပထမဆုံးအကြိမ် အိမ်ရာဝယ်ယူသူများအတွက် ကနဦးငွေပေးချေမှု (down payment) မှာ ၃၀ ရာ ခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ပေးချေရန်သတ်မှတ်ခဲ့သည်။
        ဒုတိယအကြိမ်အိမ်ရာဝယ်ယူ သူများအနေဖြင့် ကနဦးငွေပေးချေမှုအဖြစ်  ၅၀ရာခိုင်နှုန်း ပေးချေရမည်ဖြစ် သည်။ နေထိုင်ရန်မဟုတ်ဘဲ စီးပွားဖြစ် အဆောက်အဦး၊ ရုံးခန်းဝယ်ယူမှုများအတွက် ၇၀ ရာခိုင်နှုန်း အထိ ကနဦး အနေဖြင့်ငွေပေးချေရန်  သတ်မှတ်ခဲ့ သည်။ ၎င်းအပြင် အိမ်ရာဈေးနှုန်းမှာ ဝယ်ယူသူဝင်ငွေ၏ ၄၀ရာခိုင်နှုန်းကျော် လွန်ခဲ့ပါက အပေါင်စာချုပ်ဖြင့် ငွေချေးယူခွင့်အား  တားမြစ်ထားသည်။ ဒုတိယအကြိမ် အိမ်ရာဝယ်ယူသူများ အေ နဖြင့် အစိုးရ၏အိမ်ရာရန်ပုံငွေမှ ချေးယူပါက ၁၀ရာ ခိုင်နှုန်းအတိုးပေးရမည်ဖြစ်ပြီး အများဆုံး ယွမ်တစ်သိန်းသာ  ချေးယူ ခွင့်ပြုထားသည်။
        တီယန်ကျင်းမြို့တွင်လည်း တင်းကျပ်သည့်ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး  ပထမဆုံးအကြိမ် အိမ်ရာဝယ်ယူ သူများအား ကနဦးပေးချေမှုမှာ ယခင် ၂၀ရာခိုင်နှုန်းမှ အနည်းဆုံး ၃၀ ရာခိုင် နှုန်းအထိနှင့် ဒုတိယအကြိမ် အိမ်ရာ ဝယ်ယူသူများအား ၄၀ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ရှန်းတုန်း ပြည်နယ် ကျီနန်းမြို့တွင် ဘဏ်များအား နိုဝင်ဘာလ ၂၈ရက်မှ ၃၀ရက်နေ့အထိ အပေါင်စာချုပ်ထုတ်ဝေမှုအား တားမြစ်ထားခဲ့သည်။ အိမ်ရာဈေးနှုန်းမြင့် တက်သည့် ဒေသများတွင် အပေါင်စာချုပ်ဖြင့် ချေးငှားမှုကို နောက်ထပ်မပြုလုပ်ရန် တရုတ်အစိုးရက ဗဟိုဘဏ်အား တင်း ကျပ်သည့်မူဝါဒများ ချမှတ်ပေးပြီး အိမ် ခြံမြေဈေးနှုန်း ဆက်လက်ကျဆင်း စေရန် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည်။ ၎င်းအပြင်  အဓိကမြို့ကြီး များရှိ ငွေထုတ်ချေးသည့် လုပ်ငန်းများအား အိမ်ရာသစ်များအတွက် ချေးငွေထုတ်ချေးခြင်းအား ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ကြောင်းသိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့