အိန္ဒိယအစိုးရမှ ပဲမျိုးစုံ အခွန်လွတ်တင်သွင်းခွင့် တစ်နှစ်ထပ်မံ တိုးမြှင့်

Tue, 05/07/2013 - 07:07 -- admin

အိန္ဒိယအစိုးရအနေနဲ့ ပဲဈေးနှုန်းများ တည်ငြိမ်စေရန်  ပဲမျိုးစုံတင်သွင်းခွင့် ကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ တစ်နှစ်တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရက ပဲမျိုးစုံအခွန်လွတ်တင်သွင်းခွင့်ကို ၂၀၀၆ ခုနှစ် ဇွန်လမှစပြီး ခွင့်ပြုခဲ့ပါတယ်။ သက်တမ်းကုန်သွားပြီဖြစ်တဲ့ အခွန်လွတ်တင်သွင်းခွင့်ကို ယစ်မျိုးခွန်နဲ့ အကောက်ခွန်ဗဟိုအဖွဲ့မှ ထပ်မံသက်တမ်းတိုးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယ အစိုးရဲ့ စုစုပေါင်းပဲထုတ်လုပ်မှုတန်ချိန်မှာ သိန်း ၁၈၀ နဲ့ သိန်း ၂၁၀ ကြားရှိပြီး စားသုံးမှုမှာ တန်ချိန်သိန်းပေါင်း ၂၂၀ ဝန်းကျင်ရှိကြောင်း ခန့်မှန်းခဲ့သဖြင့် ပြည်ပမှ ဆက်လက်တင်သွင်းရမယ်လို့ ၁၂ နှစ်မြောက် စီမံချက်အဖွဲ့ရဲ့ အဆိုအရ သိရပါ တယ်။အိန္ဒိယနိုင်ငံဟာ နှစ်စဉ်ပြည်ပမှ ပဲမျိုးစုံတန်ချိန်  သိန်း ၃၀တင်သွင်းခဲ့ပါတယ်။ အဓိကစားသုံးတဲ့ ပဲတွေဖြစ်တဲ့  ပဲဝါလေး၊ ကုလားပဲနဲ့ ပဲစင်းငုံများကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာ၊ တန်ဇန်းနီးယားနဲ့ မိုဇန်းဘစ်နိုင်ငံတို့မှ တင်သွင်းခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲအများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်တာကြောင့် နိုင်ငံရဲ့ ပဲမျိုးစုံဆိုင်ရာ မူဝါဒအ ပြောင်းအလဲတိုင်းဟာ ကမ္ဘာ့ပဲဈေးနှုန်းများအပေါ်ရိုက်ခတ် လျက်ရှိပါတယ်။အိန္ဒိယနိုင်ငံဟာ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ဧပြီလမှ ဒီဇင်ဘာလအတွင်း ပဲတင်သွင်း မှုတန်ချိန် ၂၉ သိန်းဝန်းကျင်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒေသတွင်း ပဲဈေးနှုန်းများမှာ ဖေဖော်ဝါရီလအတွင်းက ပုံမှန် ရှိခဲ့သော်လည်း နှစ်စဉ်ပေါက်ဈေးနဲ့ နှိုင်းယှဉ် ပါက မြင့်တက်နေဆဲဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ရဲ့ ပဲဈေးနှုန်းများကို ၂၀၁၁-၁၂ ဈေးနှုန်းများနဲ့ နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း နီးပါးမြင့်တက်နေပါတယ်။အိန္ဒိယနိုင်ငံမှာ ၂၀၁၁-၁၂ အတွင်း စုစု ပေါင်းပဲထုတ်လုပ်မှုတန်ချိန် ၁၇၀ ဒသမ ၉ သိန်းကျော်ရှိခဲ့ပြီး ၂၀၁၂-၁၃ မှာ တန်ချိန် ၁၇၅ ဒသမ ၈ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀-၁၁ မှာ ထွက်ရှိခဲ့တဲ့တန်ချိန် ၁၈၂ ဒသမ ၄သိန်းအောက်လျော့ကျနေဆဲဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက ပြည်တွင်းပဲအထွက်တိုးဖို့ ပြည်နယ် ၁၆ ခုမှာ ၂၀၁၂-၁၃ မိုးကာလ အတွင်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ပဲတန်ချိန် ၁၉ သိန်းနဲ့ အထက် ထွက်ရှိဖို့ ဆောင်ရွက်လျက် ရှိပါတယ်။                                
နှင်းပန်းဖြူ

International Trade News

Pages