အိန္ဒိယပြည်တွင်း၌ အဆင့်သင့်ထုပ်ပိုးထားသော သန့်စင်ပြီး ဆန်အိတ်ငယ်များ ဝယ်လိုအားမြင့်မားလာ

Tue, 05/07/2013 - 06:54 -- admin

၂၀၁၃ ခုနှစ် မတ်လအတွင်း အိန္ဒိယပြည်တွင်း ပျမ်းမျှဆန် လက်ကားဈေးနှုန်းများ ကျဆင်းလာတယ်။ တစ်ကွမ်တယ်ကို ၂၄၈၈ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၄၅၉၀န်းကျင်)သာရှိတော့ရာ ဖေဖော်ဝါရီလ ပျမ်းမျှဈေးနှုန်းဖြစ်တဲ့ ၂၆၂၇ ရူပီး (တစ်တန်ကို ၄၈၈ ဒေါ်လာ)ထက် ၅ ရာခိုင်နှုန်း ဝန်းကျင်ကျဆင်းသွားတယ်။ ဒါပေမယ့်လည်း လက်ရှိဆန်ဈေးနှုန်းက ယခင်နှစ်က ပျမ်းမျှဆန်ဈေးနှုန်းနဲ့ ယှဉ်ရင် မြင့်မားနေတယ်။ အဓိကမှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ဆန်ဈေးနှုန်းတွေ အမြင့်ဆုံးအထိရောက်ရှိခဲ့ပြီး ယခုလပျမ်းမျှဆန်ဈေးနှုန်းက ယခင်နှစ် အလားတူ ကာလက စံချိန်တင်နှုန်းထားဖြစ်တဲ့ ၂၃၁၉ ရူပီး(တစ်တန်ကို ကန်ဒေါ်လာ ၄၅၆ ဝန်းကျင်) ထက် ၇ ရာခိုင်နှုန်း ဝန်းကျင်မြင့်မားလာခြင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ၊ဈေးကွက်ရှာဖွေရေးနဲ့ စုံစမ်းစစ်ဆေး ရေးညွှန်ကြားမှုဦးစီးဌာန (DMI) က စာရင်းထုတ်ပြန်ထားတယ်။ အိန္ဒိယပြည်တွင်း လက်ကားဆန်ဈေးနှုန်း မြင့်မားရခြင်းအကြောင်းရင်းများမှာ အစိုးရရဲ့ ဆန်ဝယ်ယူမှု ပမာဏ မြင့်မားခြင်း၊  ပို့ကုန်တင်ပို့မှုမြင့်မားခြင်း၊ လောင်စာဆီဈေးနှုန်းမြင့်မားခြင်းနဲ့ ပြည်တွင်းလက်လီ အရောင်းနှုန်းမြင့်မားခြင်းတို့ ကြောင့်ဖြစ်တယ်လို့ သိရတယ်။ ယခုနှစ်များအတွင်း အိန္ဒိယပြည်တွင်းမှာ သန့်စင်ထုပ်ပိုးထားတဲ့ ဆန်လက်လီ ရောင်းချရမှု တဖြည်းဖြည်းမြင့်မားလျက်ရှိတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ဘဝနေထိုင်မှုပုံစံတွေလည်း ပြောင်းလဲလာတယ်။ ယခုခေတ်မှာ အိန္ဒိယပြည်သူများဟာ အဆင်သင့်ထုပ်ပိုးထားတဲ့ သန့်စင်ပြီး ဆန်အိတ်ငယ်များကို ဝယ်ယူသုံး စွဲလာကြတယ်လို့ သိရတယ်။ အိမ်အနီးအနားရှိဆန်ဆိုင်များ၊ စတိုးဆိုင်ငယ်တွေနဲ့ စူပါမားကက်များမှာ အဆင်သင့် ထုပ်ပိုးထားတဲ့ အရွယ်အစားအမျိုးမျိုးရှိ ဆန်အိတ်များကို အလွယ်တကူဝယ်ယူနိုင်တဲ့အပြင် ဆန်ကို သန့်စင်စရာ မလိုတော့ဘဲ အဆင်သင့် ရေဆေးချက်နိုင်ပြီး အချိန်ကို သက်သာစေနိုင်တာကြောင့် လူကြိုက်များလာခြင်းဖြစ်တယ်။ လေ့လာမှုအရ ၂၁၁၂ ခုနှစ်အတွင်းက ထုပ်ပိုးထားတဲ့ ဆန်များ ရောင်းချရတဲ့ပမာဏဟာ တန်ချိန် ၂ သန်း ဝန်းကျင်အထိရောက်ရှိလာခဲ့ကြောင်း၊၂၀၁၀ ခုနှစ်က တန်ချိန် ၁ ဒသမ ၂ သန်းခန့်သာ ရောင်းချခဲ့ရကြောင်း၊၂၀၁၆ ခုနှစ်မှာ တန်ချိန်  ၄ သန်းခန့် ရောင်းချရမယ်ခန့်မှန်းကြောင်း၊ အင်္ဂလန်နိုင်ငံ အခြေစိုက် စားနပ်ရိက္ခာနဲ့ အချိုရည်များ သုတေသနအဖွဲ့အစည်းက ထုတ်ပြန်ထားတယ်။ ၎င်းအဖွဲ့အစည်းရဲ့ လေ့လာချက်အရ အိန္ဒိယပြည်တွင်း လက်လီလက်ကား ဆန်ဈေးကွက်မှာ ရောင်းချနေတဲ့ ဆန်အိတ်ငယ်တွေရဲ့ ကုန်အမှတ်တံဆိပ် အရေအတွက်များဟာ ၂၀၁၀ ခုနှစ်မှာ ၁၀၀ ကျော်သာရှိသော်လည်း ၂၀၁၁ ခုနှစ်မှာ အရေအတွက် ၂၀၀ ကျော်အထိ ရောက်ရှိလာခဲ့တယ်လို့ သိရတယ်။                                                                                               
ပပ

International Trade News

Pages