မလေးရှားနိုင်ငံတွင် ရော်ဘာ ခင်း မော်တော်ကား လမ်းများ ဖောက်လုပ်မည်

Thu, 02/09/2017 - 05:10 -- admin_ygn

         မလေးရှားနိုင်ငံ၏ ရော်ဘာဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး တိုင်းပြည် စီးပွားရေးတွင် အခက် အခဲများ ဖြစ်ပေါ်လျက် ရှိသည်။ တွေ့ကြုံနေ ရ သော အခက်အခဲများ လျော့ပါး သက်သာစေရန် အတွက် အစိုးရက မလေး ရှား နိုင်ငံအတွင်းတွင် ရော်ဘာကို ခင်းထားသော မော်တော်ကား လမ်း များ ဖောက်လုပ်ရေး စီမံကိန်း ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း Speedlux သတင်းတွင် ဖော်ပြသည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းရော်ဘာ ထုတ် လုပ် သူများ ကို ကယ်တင်နိုင် ရုံသာမက နိုင်ငံအတွင်းရှိ မော်တော်ကား မောင်းနှင်သူများအတွက် ပိုမိုကောင်းမွန်သော အဝေးပြေးလမ်းမကြီးများကို အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။

         ရော်ဘာရောင်းချရာတွင် ဈေးကောင်းရစေရန်နှင့် ရော်ဘာနှင့် စားအုန်းဆီ ဝယ်လိုအားကို ထိန်းထားနိုင်အောင် ဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဒါတိုဆယ်ရီမာဆူးကောင်းက အမိန့်များ ထုတ်ပြန်ထားကြောင်း နယူးစထရိတ် တိုင်းမ် သတင်းတွင် ဖော်ပြသည်။ ခြံစိုက်ပျိုးရေးနှင့် ကုန်စည်ဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့် ဤလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်လိမ့်မည် ဟု ဝန်ကြီးချုပ်က ခန့်မှန်းထားသည်။

         နိုင်ငံအတွင်း၌ရှိသော အသေးစား  ရော်ဘာထုတ်လုပ်သူများထံမှ ရော်ဘာကုန်ကြမ်းများကို တိုက်ရိုက်ဝယ်ယူနိုင်ရန်အတွက် အစိုးရက စီစဉ် ဆောင်ရွက်လျက်ရှိသည်။ စုဆောင်းရရှိထားသော ကိန်းဂဏန်း အချက် အလက် များ အရ မလေးရှားနိုင်ငံတွင် အသေးစား ရော်ဘာထုတ်လုပ်ရေး လုပ်ငန်းပေါင်း ၄၁၀၀၀၀ နီးပါးရှိသည်။ ဤနည်း အတိုင်း ဆောင်ရွက်မည်ဆို ပါက ရော်ဘာ ဝယ်လိုအား သည် ၁၀ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထား သည်။ သို့သော်လည်း ရော်ဘာကို လမ်းခင်းရာ၌ အသုံးပြုနိုင်ရန် အတွက် ရှေးဦးစွာ နိုင်လွန် ကတ္တရာနှင့် ရောစပ်ရန် လိုအပ်သည်။ ထို့ကြောင့် လက် တွေ့အကောင်အထည် ဖော်နိုင်ရန် အတွက် အချိန်ယူရဦးမည်ဖြစ်သည်။ ထို့အပြင် မည်သည့် လမ်းကို ရော်ဘာခင်းသင့်သည်ကို အစိုးရက အတိအကျ စဉ်းစားဆုံးဖြတ်ရန်လည်း လိုအပ်သည်။ ပထမဆုံး ရည်မှန်းချက်အဖြစ် အဓိက အဝေးပြေးလမ်းမကြီးများနှင့် မြို့ငယ်ကလေးများကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်မည် ဆိုပါက ပြည်တွင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများကို အကျိုးဖြစ်ထွန်းမှု ရှိစေနိုင်သော်လည်း အားနည်းချက်များလည်း ရှိနေသည်။ ရော်ဘာသုံး နိုင်လွန် ကတ္တရာ သည် သမားရိုးကျ နိုင် လွန် ကတ္တရာထက် ကုန်ကျစရိတ် ၁၆ ရာခိုင်နှုန်း ပိုမိုသည်။ မည်သို့ပင်ဖြစ်စေ ရော်ဘာသုံး နိုင်လွန် ကတ္တရာက ပိုမိုတာရှည်ခံပြီး ပြုပြင် ထိန်းသိမ်းခလည်း သက်သာနိုင်သည်။

 

ဉာဏ်တင်