ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ်နိုင်ငံက သံမဏိစက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည်

Fri, 12/08/2017 - 05:04 -- admin_ygn

      ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရုတ် နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပူးတွဲ  တည်ဆောက်မည့် အကြီးဆုံးသံမဏိ စက်ရုံအတွက် တရုတ်နိုင်ငံက အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ဒါကာ ထရီဗြူးသတင်းတွင် ဖော်ပြထားသည်။ အဆိုပါသံမဏိစက်ရုံ တည် ဆောက်ခြင်းဆိုင်ရာ နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးပွဲကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး Bangladesh Economic Zones Authority (BEZA), Chinese Yunnan Yongle Overseas Investment Co. Limited ESihf Bangladeshi Star Infrastructure Development Consortium Limited တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
        အဆိုပါ နားလည်မှုစာချွန်လွှာ အရ  ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာများ ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင်  အလုပ်အကိုင် အခွင့်အလမ်းများ  ပိုမိုဖန်တီးပေးနိုင် ရေး၊ ပြည်ပမှ သံမဏိများအား ပိုမိုတင်သွင်းနေမှုအား လျှော့ချရေးနှင့် ပြည်တွင်း၌ နည်းပညာများ ပိုမိုတိုးတက်ထွန်းကားရေးတို့ကို ဦးတည်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း Star Consortium Bangladesh မှ တာဝန်ရှိသူ တစ် ဦးက ပြောကြားခဲ့သည်။ အဆိုပါ သံမဏိစက်ရုံ တည် ဆောက်ရေးစီမံကိန်းကို Yunnan Yongle Overseas Investment Co. Limited ၏ မိခင်ကုမ္ပဏီဖြစ်သည့် Kunming Iron and Steel Holding Company (KISC) က တာ ဝန်ယူ တည်ဆောက်မည်ဖြစ်သည်။
       တရုတ်သံမဏိ ထုတ်လုပ်သူများ သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဘင်္ဂလား ဒေ့ရှ်-တရုတ် နှစ်နိုင်ငံပူးတွဲတည်ထောင် သည့် သံနှင့်သံမဏိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဇုန်တစ်ခုကို တည် ထောင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ သံမဏိ စက်ရုံကို တည်ဆောက်ရခြင်းဖြစ်သည် ဟုဆိုသည်။ အဆိုပါသံမဏိစက်ရုံမှ တစ်နှစ် လျှင် သံနှင့် သံမဏိတန်ချိန် နှစ်သန်း ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု ဆို သည်။ သံနှင့်သံမဏိ စီးပွားရေးဇုန် တည်ဆောက်ရန် အတွက် ဘင်္ဂလား ဒေ့ရှ်အစိုးရက မြေဧကတစ်ထောင် ခွင့်ပြုခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီး ၁၇ ခုဖြင့် ဖွဲ့စည်းထား သည့် Star Consortium Bangladesh သည် အဆိုပါသံမဏိစက်ရုံကြီး တည် ဆောက်မည့်စီမံကိန်းကို  ပြည်တွင်းမှ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် KISC နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းကြောင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ များ ပေါ်ထွက်လာနိုင်ပြီး ရေနက်ဆိပ်ကမ်းများ၊ ပုဂ္ဂလိကဆိပ်ခံတံတားများ၊  စက်ကိရိယာပစ္စည်းထုတ်လုပ်မှုလုပ် ငန်းများ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဘိလပ်မြေနှင့် ဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်း များ၊ သံမဏိဖြင့် ပြုလုပ်သည့်ပစ္စည်းများ ပိုမိုဖြစ်ထွန်းလာနိုင်ကြောင်း Star Consortium Bangladesh မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

 

 

မယ်သီတာ

International Trade News

Pages