ဖိလစ်ပိုင်အစိုးရက ကြိုးနီစနစ်ကို လျှော့ချမည်

Wed, 06/22/2016 - 04:40 -- admin_ygn

        စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အရေးပါခြင်းမရှိတော့တဲ့ ဥပဒေပြဋ္ဌာန်းချက်များ၊ နည်းဥပဒေများကိုဖယ်ရှားပေးဖို့ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား ယှဉ်ပြိုင်မှုစွမ်းရည်ကောင်စီ (NCC) နဲ့ အခြားသက်ဆိုင်ရာ အစိုးရအေဂျင် စီခုနစ်ခုတို့က ပြင်ဆင်လျက်ရှိကြောင်း ဖိလစ်ပင်းစတားသတင်းမှာ ဖော်ပြပါ တယ်။ အမျိုးသား ယှဉ်ပြိုင်မှုစွမ်းရည်ကောင်စီက အခြားအေဂျင်စီခုနစ်ခုနဲ့ ပူးပေါင်းပြီး Project Repeal  ဆိုတဲ့ အဆိုပြုချက်ကို ဇွန် ၁၃ ရက်က တင် သွင်းခဲ့ပါ တယ်။ တင်ပြတဲ့ အဆိုပြုချက်အရ စီးပွားရေးအတွက် မလိုအပ်တော့တဲ့ သို့မဟုတ် အရေးမပါတော့တဲ့ ပြဋ္ဌာန်း ချက်တွေ သို့မဟုတ် စည်းမျဉ်းတွေ  ပယ်ဖျက်ပေးဖို့ ကတိပြုထားပါတယ်။
         ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ဘတ်ဂျက်နဲ့ စီမံခန့် ခွဲမှုဝန်ကြီးဌာန၊ ခရီးသွားဝန်ကြီးဌာန၊ အာမခံစာချုပ်များနဲ့  စတော့ဒိုင်ကော်မရှင်နဲ့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်မှုနဲ့ ကြီးကြပ်ရေး ဘုတ်အဖွဲ့တို့က သက်ဆိုင်ရာ  အေဂျင်စီတွေမှာရှိတဲ့ မလိုအပ်တော့တဲ့ ကုန်ကျစရိတ်များတဲ့ ခေတ်မမီ တော့တဲ့ စည်းမျဉ်းများကို ပယ်ဖျက်ပေးပြီး ကြီးကြပ် ရေးဆိုင်ရာ ကုန်ကျစရိတ်တွေ ကို လျှော့ချပေးဖို့ ကတိ ပြုခဲ့ကြပါတယ်။
         ပြန်လည်သုံးသပ်နိုင်ဖို့အတွက်  Project Repeal  နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီက အစိုးရ အေဂျင်စီခုနစ်ခုမှ ကနဦးတင်ပြတဲ့  ဥပဒေများနဲ့ ထုတ် ပြန်ကြေညာချက် စုစုပေါင်း ၁၇၃၈၈ ခုရှိကြောင်း အမျိုးသားယှဉ် ပြိုင်မှု  စွမ်းရည်ကော်မတီ  ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ ပူးတွဲဥက္ကဋ္ဌ ဘီလ်လုစ်က ပြောပါတယ်။ "ကော်မတီကို တင်ပြခဲ့တဲ့ တချို့စည်းမျဉ်းဥပဒေ တွေက ဓနသဟာယနဲ့ စစ်အုပ်ချုပ်ရေးခေတ်က စည်းမျဉ်းဥပဒေတွေ ဖြစ်ပါတယ်။ တြ ခားအေဂျင်စီတွေနဲ့ ပြည်သူ့လုပ်ငန်းအဖွဲ့အစည်းတွေက   ဆက်လက်ပြီး အဆိုပြုချက်တွေ တင်သွင်းဦးမှာဖြစ်တဲ့အတွက် ယခု တင်ပြတဲ့စာရင်းမှာ ထပ်တိုးလာဦးမယ်လို့ အမျိုးသား ယှဉ်ပြိုင်မှုစွမ်းရည်ကော်မတီက ခန့်မှန်းထားပါတယ်"လို့ လုစ်က ပြောပါတယ်။

International Trade News

Pages