နိုင်ငံခြားသားများကို ဆွဲဆောင်ပြီး ကုန်သွယ်မှုကိုမြှင့် တင်နိုင်ရန် အိန္ဒိယအစိုးရက ဗီဇာမူဝါဒသစ်ကိုရေးဆွဲ

Fri, 12/09/2016 - 06:39 -- admin_ygn

        ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်းဖြင့် လာရောက်သူများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် အိန္ဒိယပြည်ထောင်စု ဝန်ကြီးအဖွဲက အီလက်ထရွန်းနစ် ခရီးသွား ဗီဇာဆောင်ရွက်မှုကို နို ဝင်ဘာ ၃၀ ရက်က တိုးချဲ့ဆောင်ရွက်ခဲ့ ကြောင်းနှင့် ထိုသို့ တိုးချဲ့ဆောင်ရွက်ရာတွင် ကာလတို ဆေးဝါး ကုသခြင်း၊ စီးပွားရေးဖြင့် အလည်အပတ် လာရောက်ခြင်းနှင့် ကွန် ဖရင့်များကို ကျင်းပခြင်း စသည့် နယ်ပယ်တို့ပါဝင်ေ ကြာင်း တိုင်းမ် အော့အိန္ဒိယသတင်းတွင် ဖော်ပြသည်။
        ဗီဇာထုတ်ပေးရာတွင် နယ်ပယ်ကို ချဲ့ထွင်ပေးသည့် နည်းတူ ထုတ်ပေးသည့် ဗီဇာကိုလည်း အီး-ဗီဇာ(e-visa )ဟု အမည်ပေးထား သည်။ ဗီဇာလက်မှတ် ကိုင်ဆောင်သူသည် အလည်အပတ် ခရီး သွားအဖြစ်နှင့်ရော စီး ပွားရေးလုပ်ငန်း ခရီးသွားဗီဇာအဖြစ်ပါ သုံး နိုင်သည့်အပြင် ဆေးဝါးကုသရေးဗီဇာအဖြစ်ပါ အသုံးပြုခွင့်ရမည် ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏   ဆုံးဖြတ်ချက်အရ အီးဗီဇာ အစီအစဉ်တွင်ပါဝင်သော နိုင်ငံအဖြစ် ရှစ်နိုင်ငံ ကို ထပ်မံတိုးချဲ့ခွင့် ပြုခဲ့ရာ အသုံးပြုခွင့်ရရှိမည့် နိုင်ငံပေါင်းမှာ ၁၅၈ နိုင်ငံအထိ ရောက် ရှိပြီ ဖြစ်သည်။ အီးဗီဇာသက်တမ်းမှာ ရက်ပေါင်း ၆၀ဖြစ်ပြီး နိုင်ငံခြားသား များက အိန္ဒိယနိုင်ငံသို့မလာမီ ကြိုတင်ပြီး လေးလအထိ လျှောက် ထားနိုင်သည်။
         "ဒီလိုအတည်ပြု ပေးလိုက်တဲ့အတွက် အလည်အပတ်၊ စီးပွား ရေးနဲ့ ဆေးဝါးကုသမှု ရည်ရွယ်ချက်နဲ့ လာရောက်ကြမယ့် နိုင်ငံခြားသားတွေအတွက် အဆင်ပြေချောမွေ့မှု ရှိနိုင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် စီးပွားေ ရးဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ခရီး သွားလုပ်ငန်း၊ ဆေးဝါးကုသမှု ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးလုပ် ငန်းအတွက် ခရီးသွားလာမှု အပါအဝင် ဝန်ဆောင်မှု ပို့ကုန်လုပ်ငန်း က ဝင်ငွေကို တိုးမြှင့်နိုင်ပါမယ်။ "Skill India" "Digital India" နဲ့ "Make in India" စတဲ့ အစိုးရရဲ့ စီမံကိန်းတွေ အောင်မြင်အောင် အထောက်အကူပေးနိုင်ပါတယ်" ဟု  ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်သော အစိုးရ၏  ကြေညာချက်တွင် ဖော်ပြ ထားသည်။
         အိန္ဒိယနိုင်ငံအတွက်  ဆေးကုသရေး၊ ခရီးသွားလုပ်ငန်းတစ်ခုတည်းမှ ရရှိသည့်ဝင်ငွေသည် နှစ်စဉ်အမေရိကန်ဒေါ်လာ သုံးဘီလီယံထိရရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံမှ ရှစ်ဘီလီယံအထိ ေ ရာက်ရှိလာမည်ဟု ခန့်မှန်းထား ကြောင်း ပီတီအိုင်သတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံသို့ ဆေးကုသရန် လာရောက်သော ခရီးသည် ဦးရေမှာ ၂၀၁၂ ခုနှစ်က ၁၇၁၀၂၁ ဦး၊ ၂၀၁၃ ခုနှစ်က ၂၃၆၈၉၈ ဦးနှင့် ၂၀၁၄ ခုနှစ်က ၁၈၄၂၉၈ ဦး အသီးသီး ရှိခဲ့သည်။

 

ဉာဏ်တင်