ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ကမ္ဘာ့ဘဏ်က တိုးမြှင့် ခန့်မှန်း

Wed, 10/26/2016 - 06:12 -- admin_ygn

         ထိုင်းအစိုးရ၏ အသုံးစရိတ်များ တိုးမြှင့်မှုကြောင့် ၂၀၁၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၂ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ယခင်က ခန့်မှန်းခဲ့ရာမှ ယခုအခါ ၃ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု ကမ္ဘာ့ဘဏ်က တိုးမြှင့်ခန့်မှန်းခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ခြင်း၊ အစိုးရ၏ စီးပွားရေးစေ့ဆော်မှုများနှင့် ပုဂ္ဂလိကစားသုံးမှု တိုးတက်ခဲ့သဖြင့် ပထမနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှုရရှိခဲ့ပါသည်။ သို့သော် ပို့ကုန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုသည် အားနည်းနေဆဲဖြစ်ပါသည်။ ဒုတိယနှစ်ဝက်တွင်လည်း စီးပွားရေးသည် ဆက်လက်တိုးတက်မည်ဖြစ်ရာ အစိုးရ၏အသုံးစရိတ်များပေါ်တွင် လုံးဝမှီခိုမှုရှိနေသဖြင့် ကဏ္ဍတိုင်း၌ အသုံးစရိတ် များကို မြှင့်တင်ရန်အတွက် အစိုးရ၏စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးပါသည်။ တတိယသုံးလပတ်တွင် အစိုးရ၏အခြေခံအဆောက်အအုံရင်း နှီးမြှုပ်နှံမှုနှုန်းသည် ဒုတိယသုံးလပတ် ထက်လျော့နည်းခဲ့ခြင်း၊ တရုတ်နိုင်ငံ၏ ဘ ဏ္ဍာရေး တည်ငြိမ်မှုမရှိခြင်း၊ ထိုင်းနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုကျဆင်းနိုင်သည့် အလားအလာရှိခြင်း၊ အစိုးရ၏ အသုံးစရိတ်များ ကျဆင်းနိုင်ခြင်း၊ စားသုံးသူနှင့်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများကျဆင်း နိုင်ခြင်းစသည့် အချက် များသည် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ထိခိုက်နိုင်သည့် အချက်များဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏စီးပွားရေးပညာရှင် မစ္စတာ ကီယာတီပွန် ကပြော ကြားခဲ့ပါသည်။
        ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း၏ တိုးတက်မှုနှုန်း နှေးကွေးသွားသော်လည်း ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံနှင့် အီးယူသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့ မှုသည် တိုးတက်လာနိုင်ကြောင်း  ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ကမ္ဘာ့ဘဏ်၏လေ့လာချက်အရ ထိုင်းနိုင်ငံတွင် ကျွမ်းကျင်လုပ်သားရှားပါးလျက်ရှိပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့်အစိုးရ၏ ရင်းနှီးြ မှုပ်နှံမှုအစီအစဉ်များအပေါ် ယုံကြည်မှုအားနည်းခြင်းတို့သည် ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုအပေါ်ညွှန်ပြနေသည့်အချက်များပင်ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည် ပြုနိုင်ခဲ့သော်လည်း နောက်ထပ် တစ် ဖန် နိုင်ငံရေး မတည်မငြိမ်ဖြစ်လာမည်ကို ပုဂ္ဂလိကကဏ္ဍက စိုးရိမ်မကင်း ရှိကြသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့