ထိုင်းနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များကို ဘတ် ဘီလီယံ ၂၀ ပံ့ပိုးပေးမည်

Wed, 02/15/2017 - 03:47 -- admin_ygn

      ထိုင်းအစိုးရသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း (SMEs) များ ဖွံ့ဖြိုးရေးတိုး တက်ရေးအတွက် ဘတ် ဘီလီယံ ၂၀ ပံ့ပိုးပေးရန် လျာထားကြောင်း တွေ့ ရှိရ ပါသည်။ အစိုးရ၏ ပံ့ပိုးကူညီမှုကြောင့် စိုက် ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ SMEs အသစ်များသည် ဒေသအလိုက်ဖွံ့ဖြိုးလာစေပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုမည်ဖြစ်သည်။ စက်မှု ဝန်ကြီး ဌာနသည် SMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှစ်ခုကို အကောင်အထည်ဖော်ရာ၌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် e-commerce လမ်းကြောင်းမှ တစ်ဆင့် ထွက်ကုန်ဖြန့်ဖြူးရေးနှ င့် ဈေးကွက်ရရှိရေးအပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ရာ တန်ဖိုးမြှင့် ထုတ်ကုန်များ ပိုမိုတိုးတက်လာမည် ဖြစ်သည်။
        စက်မှုဝန်ကြီးဌာနသည် စိုက်ပျိုး ရေး SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းနှင့် Creative Industry  Village စသည့် စီမံကိန်းနှစ်ခုကို ရေးဆွဲ ၍ အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ် ငန်းများနှင့် ကျေးလက်ဒေသ၏ ရိုးရာနေအိမ်များ သို့ ညအိပ်ညနေလည်ပတ်ခြင်း စသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အစီအစဉ် များကိုလည်း ယင်းစီမံကိန်းများ၌ ထည့် သွင်းရေးဆွဲထားပါသည်။ ရေတိုရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အနက် အလျင်အမြန်အကောင်အထည် ဖော်သင့်သည်များကို ရွေးချယ်၍ ဦးစား ပေးဆောင်ရွက်သွားမည် ဖြစ်သည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages