ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသည် ဝင်ရောက်မှု ၅၂ ရာခိုင်နှုန်းမြင့်တက်

Tue, 02/23/2016 - 08:26 -- admin_ygn

         ဇန်နဝါရီလအတွင်း နိုင်ငံခြား ခရီးသည် ၁ ဒသမ ၈ သန်း ရောက်ရှိခဲ့သည့်အတွက် ယခင်နှစ်ဇန်နဝါရီလ ထက် ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နှင့်ခရီးသွားဝင်ရောက်မှု ဒုတိယအများ ဆုံးလအဖြစ် ရောက်ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါသည်။ ယန်းငွေ ကြေးလဲလှယ်နှုန်း ကျဆင်းမှုနှင့်ဗီဇာ အတွက် လိုအပ်ချက်များ ဖြေလျှော့ခဲ့ ခြင်းများကြောင့် ခရီးသွားဝင်ရောက်မှု များပြားလာခြင်းဖြစ်ကြောင်း သိရှိရပါ သည်။
        ဂျပန်နိုင်ငံသို့ တောင်ကိုရီးယား နိုင်ငံမှ အများဆုံးလာရောက်ခဲ့ပြီး ခရီးသည် ၅၄၁ç၀၀ ဦး၊ ဒုတိယအများဆုံး မှာ တရုတ်နိုင်ငံဖြစ်ပြီး ခရီးသည် ၄၇Õ၅ç၀၀၀ ဦးနှင့်တရုတ်(တိုင်ပေ) မှ ခရီးသည် ၃၂၁Õç၀၀ ဦးဖြင့်တတိယ ေ နရာတွင် ရှိနေကြောင်း ဂျပန် အမျိုးသားခရီးသွားအဖွဲ့မှ ထုတ်ပြန်ထားပါသည်။ တရုတ်နိုင်ငံမှ ခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ် ဇန်နဝါရီ လထက် နှစ်ဆကျော်မြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံ အစိုးရ အနေဖြ င့် အိုလံပစ်အားကစားပြိုင်ပွဲကျင်းပမည့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ဦးရေ သန်း၂၀ လာရောက်မည်ဟု ခန့် မှန်းထားပါသည်။ ၂၀၁၆ ခုနှစ်တွင် ရည်မှန်းထားသည်ထက် ခရီးသွားပိုမို ဝင်ရောက်ခဲ့သည့် အတွက် ၂၀ ၂၀ ခုနှစ် တွင် မျှော်မှန်းချက်ကို ကျော်လွန်နိုင် ကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိရပါသည်။

 

အိအိခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့

International Trade News

Pages