ကျောက်မီးသွေးတွင်းမှ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ အိန္ဒိယ ကမ္ဘာ့စတုတ္ထနေရာမှာရှိ

Tue, 05/07/2013 - 04:52 -- admin

အိန္ဒိယနိုင်ငံက  ကျောက်မီးသွေး ထုတ်လုပ်ရာမှာ  ကမ္ဘာ့တတိယနေရာ မှာရှိနေပြီး  ကျောက်မီးသွေးတွင်းမှ သဘာဝဓာတ်ငွေ့(Coal Bed Metha ne) ထုတ်ယူရာမှာ ကမ္ဘာ့စတုတ္ထနေရာ မှာရှိကြောင်း International Journal of Chemical Engineerip and Applications ဂျာနယ်ရဲ့ ၂၀၁၁ ခုနှစ် အတွက်လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံရှိ   ကြီးမားလှတဲ့ ကျောက်မီးသွေးနယ်မြေက အနှစ် ၂၀ အတွင်း လျင်မြန်စွာ ကြီးထွားလာမဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းဖြည့်ဆည်းပေးပြီး တန်ဖိုးကြီး ကြီးဝယ်ရမဲ့ သွင်းကုန်တွေကို အစားထိုး နိုင်မှာဖြစ်ကြောင်း ကျောက်မီးသွေး တွင်းမှ သဘာဝဓာတ်ငွေ့ထုတ်ယူရေးမှာ  ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယိုဂင်ဒရာမိုဒီက ပြောပါတယ်။ မီးထိုးဆီသုံးပြီး  လျှပ်စစ်ထုတ်စက်တွေ လည်ပတ်နေတဲ့ အနောက်ဘင် ဂေါမှာရှိတဲ့ စက်မှုလုပ်ငန်းသမားတွေကို သဘာဝဓာတ်ငွေ့ သုံးစွဲလာအောင် သူ့ရဲ့ကုမ္ပဏီ Great Eastern Energy Corp Ltd (GEECL) က  စည်းရုံး ဆောင်ရွက်ခဲ့ပါတယ်။  သဘာဝဓာတ် ငွေ့ကို ကုမ္ပဏီပိုင်ပိုက်လိုင်းနဲ့ ကီလို မီတာ ၆၀ ရှိ နေရာများကို ပို့ပေးရာ ကုန်ကျစရိတ် မီးထိုးစီဈေးနှုန်းရဲ့ တစ် ဝက်သာရှိပါတယ်။ ဒါပေမဲ့ သဘာ၀ ဓာတ်ငွေ့က ကျောက်မီးသွေးနဲ့ နှိုင်း ယှဉ်ရင်  ဒုတိယအဆင့်  အရေးပါတဲ့ စက်မှုစွမ်းအင်အရင်းအမြစ်အဖြစ်သာ ရှိနေပါသေးတယ်။ GEECL က အာသံဆော၊ ရာနီဂန် နဲ့ ဒါဂါပူမှာရှိတဲ့  သံမဏိလုပ်ငန်းနဲ့ အစားအစားပြုပြင်ရေးလုပ်ငန်းတွေကို ၁၀၀ ကီလိုမီတာရှိ ပိုက်လိုင်းကွန်ရက် ကနေတစ်ဆင့် ဗြိတိသျှအပူယူနစ်တစ် သန်း (mmBtu) ကို ၁၂ ဒေါ်လာနှုန်းနဲ့ ပို့ပေးပါတယ်။ ဓာတ်ငွေ့ကို ပြောင်းလဲ သုံးစွဲနိုင်အောင် ဆောင်ရွက်ရတဲ့ စရိတ် ကို တစ်လအတွင်း ပြန်ကျေနိုင်တယ်လို့ သူက ပြောပါတယ်။ သဘာဝဓာတ်ငွေ့ ကိုသုံးစွဲတဲ့ ပြန်လည်ရှင်းလင်းဖို့စက်ရုံ ပိတ်ထားရတဲ့ ကာလလည်း နည်းသွား နိုင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့    ကျောက်မီးသွေးထွက်  သဘာဝဓာတ်ငွေ့နယ်မြေက ကော်ပိုရေးရှင်းကြီးတွေ  စိတ်ဝင်စားနိုင် အောင် ကြီးမားခြင်းမရှိပေမဲ့ သူ့ကုမ္ပဏီ အတွက် အကျိုးအမြတ်ရှိနိုင်သေးတယ် လို့ မိုဒီက ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ  အိန္ဒိယနိုင်ငံက သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုကို ငါးဆတိုးမြှင့်ပြီး ကုဗပေ ၁၀ ဘီလီယံ တင်သွင်းရလိမ့်မယ်လို့ အစိုးရ က ခန့်မှန်းထားပါတယ်။

International Trade News

Pages