ပြည်တွင်းသို့ ဆိုင်ကယ်များတင်သွင်းမှုကျဆင်း

Fri, 12/15/2017 - 04:33 -- admin_ygn

     ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၉၆ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၇၃၅၉ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆၀၀၄ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၄၅ စီး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေး စခန်းမှ ပိုမိုတင်သွင်းခဲ့သော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ်ရေးဇုန်တို့မှ လျော့နည်းတင်သွင်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၇သန်းတန်ဖိုးရှိဆိုင်ကယ် မျိုးစုံ ၆၆၁၆ စီး၊ ကော့သောင်းကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၁၀ စီး၊ တမူးကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၉ သန်း တန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၂၄ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၀၉ စီးကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါ တယ်။

 

ခင်မိုးသူ

Border Trade News

Pages