အဝယ်လိုက်လို့ ကုလားပဲဈေးမြင့်

ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး၊ ယခုတစ်ပတ်တွင် တစ် တင်း ၂၀၃၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုရက်အတွင်း မန္တလေးဘက်မှ အဝယ်ရှိတဲ့အတွက် ဈေးမြင့်လာ ခြင်းဖြစ်ပါတယ်။ ဒေသတွင်း ခွဲစက်သမားများကတော့ ခွဲခြမ်း ရောင်းချမှု ပုံမှန်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ် ရှိပြီး၊ မန္တလေးဝယ်လက်ရှိသော နေ့များတွင် တစ်နေ့အိတ် ၄၀၀- ၅၀၀ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။
လွင်လွင်ဆန်း - ပြည်