စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော အမှုထမ်းရာထူး (၆၀) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

Mon, 09/02/2024 - 09:57 -- dotadmin

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကုန်သွယ်ရေးဦးစီးဌာန

ကြော်ငြာစာအမှတ် (၁/၂၀၂)

လျှောက်လွှာခေါ်ယူခြင်း

 

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၆၀) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ် ပါသည်-

              (က)    ဒုတိယဦးစီးမှူး                                                     လစ်လပ်(၆)နေရာ

                        စာရင်းကိုင်-၂                                                       လစ်လပ်(၅)နေရာ

                        (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)                

              ( ခ )   အငယ်တန်းစာရေး                                                လစ်လပ်(၁၀)နေရာ

                        ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး       လစ်လပ်(၉)နေရာ

                        (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)

              ( ဂ )   ဆက်သွယ်ရေး(၅)                                                လစ်လပ်(၂၄)နေရာ

                        စာကူးစက်လှည့်အကူ                                            လစ်လပ်(၃)နေရာ

                        (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)

              (ဃ)    ရုံးအကူ                                                              လစ်လပ်(၁)နေရာ

                        သန့်ရှင်းရေးအကူ                                                 လစ်လပ်(၂)နေရာ

                        (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀)

၂။            အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် -

              (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

              ( ခ )   ဒုတိယဦးစီးမှူးရာထူးအတွက် ဝါဏိဇ္ဇဘွဲ့ (B.Com), စီးပွားရေးပညာဘွဲ့ B.Econ (Statistics, Economic), ဝိဇ္ဇာဘွဲ့ B.A (English), ဥပဒေဘွဲ့ (LLB/B.A (Law)) ဘွဲ့ရရှိသူဖြစ်ရမည်။

              ( ဂ )   စာရင်းကိုင်-၂ ရာထူးအတွက် ဝါဏိဇ္ဇဘွဲ့ (B.Com), စီးပွားရေးပညာဘွဲ့ B.Econ (Statistics, Economic), တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီး ဒီပလိုမာစာရင်းကိုင် လက်မှတ် (DA) (သို့) LCCI (Level-1/2/3) ရရှိပြီးသူဖြစ်ရမည်။

              (ဃ)    အငယ်တန်းစာရေးနှင့် ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူး အတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူ) ဖြစ်ရမည်။

              ( င )   ဆက်သွယ်ရေး (၅) နှင့် စာကူးစက်လှည့်အကူ ရာထူးများအတွက် အခြေခံပညာ အလယ်တန်းအဆင့်ရှိရမည်။

              ( စ )   ရုံးအကူနှင့် သန့်ရှင်းရေးအကူရာထူးများအတွက် အခြေခံပညာမူလတန်းအဆင့် ရှိရမည်။

              (ဆ)    ဌာန၏ လုပ်ငန်းသဘာဝအရ အမျိုးသားများအား ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။

              ( ဇ )   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူဖြစ်ရမည်။

              ( ဈ )   အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှထုတ် ပယ်ခြင်း (Removal) ခံရသူများနှင့် နုတ်ထွက်ခဲ့သူများ လျှောက်ထားခွင့်မရှိပါ။

              (ည)    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး (၂၇) နှစ်ထက် မကျော်သူဖြစ်ရမည်။ လက်ရှိဝန်ထမ်းဖြစ်ပါက အသက် (၃၀) နှစ်ထက် မကြီးသူ ဖြစ် ရမည်။

              ( ဋ )   အထက်ဖော်ပြပါ ရာထူးအဆင့်များအားလုံးအတွက် ဌာနတွင် အနည်းဆုံးတစ်ဆက် တည်း (၃) နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ် ရေးထိုးရမည်။

              ( ဌ )   ဒုတိယဦးစီးမှူးရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံ တစ်ရာမရှိဘဲ (၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ် (၂၀) သိန်း (ကျပ်နှစ်ဆယ်သိန်းတိတိ) ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

              ( ဍ )    အငယ်တန်းစာရေးနှင့်အဆင့်တူရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်း ပြချက်တစ်စုံတစ်ရာ မရှိဘဲ (၃)နှစ် ပြည့်သည်အထိ တစ်ဆက်တည်း တာဝန် ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ် (၁၀) သိန်း (ကျပ် ဆယ်သိန်း တိတိ) ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။

၃။           စာမေးပွဲဝင်ကြေးငွေ ၂၀၀၀/-(ကျပ်နှစ်ထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေး ဘဏ်ရှိငွေစာရင်းအမှတ် (MD-010022) သို့ ပေးသွင်းရမည်။ အခြားမြို့များမှ ပေးသွင်းပါက သက်ဆိုင်ရာမြို့၏ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ငွေလွှဲလက်မှတ်ဖြင့် နေပြည်တော် မြန်မာ့ စီးပွားရေးဘဏ် MD-010022 သို့ပေးသွင်းရပါမည်။

၄။           လျှောက်လွှာပုံစံများကို နေပြည်တော်၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ website ဖြစ်သည့်  www.commerce.gov.mm တွင် Download ရယူနိုင်ပါသည်။

၅။           လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည် -

              (က)    ဒု-ဦးစီးမှူးနှင့် အငယ်တန်းစာရေးနှင့် အဆင့်တူရာထူးများအတွက် ပညာအရည် အချင်းအထောက်အထား ဘွဲ့လက်မှတ်/ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ဆက်သွယ်ရေး(၅) ၊ စာကူးစက်လှည့်အကူ၊ ရုံးအကူနှင့် သန့်ရှင်းရေးအကူ ရာထူး အတွက် ကျောင်းထောက်ခံစာ (မိတ္တူ)

              ( ခ )   ရက်သတ္တပတ် (၂) ပတ်အတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓါတ်ပုံ (၃)ပုံ (နောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

              ( ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် (၁) လအတွင်းရယူထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်း ၏ ထောက်ခံချက် (မူရင်း)

              (ဃ)    အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) (မိတ္တူ)

              ( င )   နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)

              ( စ )   ကျန်းမာရေးကောင်းမွန်ကြောင်း (၁) လအတွင်းရယူထားသည့် သက်ဆိုင်ရာမြို့ နယ်ဆေးရုံ၏ ဆေးစစ်ချက် ထောက်ခံချက်(မူရင်း)

              (ဆ)    စာမေးပွဲဝင်ကြေး ပေးသွင်းပြီးသည့်ချလန်/ ငွေလွှဲပြေစာ (မူရင်း)

              ( ဇ )   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ် (မိတ္တူ)

၆။           နိုင်ငံ့ဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုစာနှင့်အတူ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ကျခံဆဲ ဟုတ်/ မဟုတ် ထောက်ခံချက်ပူးတွဲ၍လည်းကောင်း၊ ပြင်ပမှလျှောက်ထားသူများ အနေဖြင့် ဤဦးစီးဌာန (နေပြည်တော်) ရုံးသို့ လျှောက်လွှာကို (၁၆-၉-၂၀၂၄)ရက် (တနင်္လာနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရန်နှင့် လာရောက်လျှောက်ထားသူများသည် မိမိနှင့်သက်ဆိုင်သည့် ပညာအရည်အချင်း အထောက်အထားများ(မူရင်း) ယူဆောင်လာရန်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဝင်ရောက်ဖြေဆိုပါက အသက်ကန့်သတ်ချက်အား လျှော့ပေါ့စဉ်းစားမည်ဖြစ်ပါသည်။

၇။           ဒု-ဦးစီးမှူး၊ အငယ်တန်းစာရေးနှင့်အဆင့်တူရာထူးလျှောက်ထားသူများကို (၂၈-၉-၂၀၂၄) ရက် နံနက်(၁၀:၀၀)ချိန်တွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၌ အောက်ပါအတိုင်း အရည်အချင်းစစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရ သူများကို ဌာနမှ ဆက်သွယ်အကြောင်းကြားပါမည်။

              စဉ်      အကြောင်းအရာ                              နေ့ရက်                     အချိန်

              (က)    အင်္ဂလိပ်စာ(ရေးဖြေ)                     ၂၈-၉-၂၀၂၄     နံနက်(၁၀:၀၀ မှ ၁၁:၃၀ထိ)

              ( ခ )   ကွန်ပျူတာကျွမ်းကျင်မှုလက်တွေ့     ၂၈-၉-၂၀၂၄    နံနက်(၁၂:၃၀ မှ ၁၆:၀၀ထိ)

              ( ဂ )   အထွေထွေဗဟုသုတ(လူတွေ့)          ၂၉-၉-၂၀၂၄   နံနက်(၁၀:၀၀ မှ ၁၆:၀၀ထိ)

၈။           ဆက်သွယ်ရေး(၅)၊ စာကူးစက်လှည့်အကူ၊ ရုံးအကူနှင့် သန့်ရှင်းရေးအကူ လျှောက်ထားသူများအား (၂၉-၉-၂၀၂၄) ရက် (၁၀း၀၀) မှစ၍ လူတွေ့စစ်ဆေးခြင်းများပြုလုပ်သွားမည် ဖြစ်ပါသည်။

၉။           ဖြေဆိုခွင့်ကတ်ပြားများကို (၂၇-၉-၂၀၂၄)ရက်တွင် ရုံးအမှတ်(၃)၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရန်ဖြစ်ပါသည်။

၁၀။         အသက်ကန့်သတ်ချက်ကျော်လွန်သူများ၊ အချက်အလက်မပြည့်စုံသောလျှောက်လွှာများ နှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျ၍ ငွေသွင်းသူများအား လက်ခံစဉ်းစားမည် မဟုတ်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၃)၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ နေပြည်တော် သို့ လူကိုယ်တိုင်ဖြစ်စေ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၀၉ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

 

 

                                                                                                                                                    ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages