ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပိုမိုတင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်၊  ကော့သောင်းကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၄၅၉၀ တန်နီးပါးတင်ပို့နိုင် ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့  နှိုင်း ယှဉ်ပါက ၈၂၂ တန်ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ  ကန် ဒေါ် လာ ၁ ဒသမ ၅၄၇ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော  ငါးမျိုးစုံ ၅၄ တန်ကျော်၊ ကဏန်း ၁၃ တန်ကျော်နဲ့ ပုစွန် တစ်တန်ကျော်  တင်ပို့နိုင်ခဲ့ပါ တယ်။  ယခင်သီတင်းပတ်နဲ့  နှိုင်းယှဉ် ပါက ၅၇ တန်ကျော်  လျော့နည်းတင်ပို့ ခဲ့ပါတယ်။ကော့သောင်း   ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၁ဒသမ ၅၄၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန်များဖြစ် သော  ငါးမျိုးစုံ ၁၆၁၃  တန်ကျော် ၊ ကင်းမွန် ၉၄ တန်ကျော်၊ ပုစွန် ၈ တန် နီးပါး အခြားရေထွက်ပစ္စည်း ၃၂ တန် ကျော်၊ပင်လယ်ငါးရှဉ့် ၃  တန်ကျော်၊ ရေဘဝဲ တစ်တန်ကျော်နဲ့  ကဏန်းတစ်တန်နီးပါး   တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၃၅၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြိတ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂ ဒသမ ၇၆၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော   ငါးမျိုးစုံ ၉၈၂ တန်ကျော်၊ငါးမှုန့် ၁၆၃၄ တန် ကျော်၊  ရေငန်ပုစွန်  တန် ၈၀ ကျော်၊ အေးခဲကဏန်းပျော့  ၃၂ တန်ကျော်၊ ငါးခြောက် ၂၇ တန်နီးပါး၊ပုစွန်ခြောက် လေးတန်နီးပါး၊  ကဏန်သေးအသေ နှစ်တန်ကျော်၊  ကင်းမွန်ခြောက်  တစ်တန်ကျော်၊ကင်းမွန်တစ်တန်ကျော်နဲ့ သဲကဏန်း ၆၇၅ ကီလိုဂရမ်တင်ပို့နိုင်ခဲ့ ပါတယ်။  ယခင်   သီတင်းပတ်နဲ့ နှိုင်း ယှဉ်ပါက ၅၂၉ တန်ကျော်  ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

ခင်မြနွယ်