မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန်ကုန်သွယ်မှုပြုလုပ်တော့မည်

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ် ရေးကဏ္ဍ၌ ကုန်ပစ္စည်းဖလှယ်တဲ့စနစ် (Barter System) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှစတင်ရပ်ဆိုင်းပြီး နှစ်ဦးနှစ်ဖက်ခွင့်ပြုသည့် ငွေကြေးဖြင့် ပုံမှန် ကုန်သွယ်မှု(Normal Trade) ပြုလုပ် မည်ဖြစ်ကြောင်း အိန္ဒိယဗဟိုဘဏ်က အမိန့်ထုတ်ပြန်လိုက်သဖြင့် ကုန်သွယ်မှု များ ယာယီရပ်ဆိုင်းခဲ့ရတယ်လို့ ဇန်နဝါရီလ ၅ ရက်ကပြုလုပ်တဲ့ တမူး ကုန်သွယ်ရေးစခန်းကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံကပြောကြားလိုက်ပါတယ်။လက်ရှိကုန်သွယ်မှုအရ နှစ်နိုင်ငံကုန်သည်များဆာင်ရွက်နိုင်မယ့်ဘဏ်လုပ် ငန်း ပိုင်းမှာ တမူးမြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ LC/TT စနစ်ဖြင့် ဆောင် ရွက်ရန်အဆင်သင့် မဖြစ်သေး၍ ကုန် စည်စီးဆင်းမှုလျော့နည်းခဲ့ကြောင်း၊ သို့သော် တမူးမြန်မာ့စီးပွားရေးဘဏ် နဲ့ အိန္ဒိယဘဏ်တို့မှာCorrespondent ရှိပြီးဖြစ်တဲ့အတွက်ပုံမှန်ကုန်သွယ်မှု (Normal Trade) ကို နိုင်ငံခြား ငွေ စာရင်းဖွင့်ပြီး ဆောင်ရွက်ပါက အဆင်ပြေစွာနဲ့ ချက်ချင်းလုပ်ပေးနိုင်တယ် လို့ သိရပါတယ်။ကွမ်းသီးတင်ပို့မှုကို TT (Tele-graphic Transfer) စနစ်နဲ့ ကုမ္ပဏီ တစ်ခုက ဆောင်ရွက်နေပြီဖြစ်လို့ ကျန် လုပ်ငန်းရှင်များလည်း  LC/TT  စနစ်နဲ့ကြိုးပမ်းဆောင်ရွက်ကြ ရန် စခန်းတာဝန် ခံကတိုက်တွန်းပြောကြားခဲ့ပါတယ်။ပုံမှန်ကုန်သွယ်ရေးစနစ်သို့ ပြောင်းလဲရန်အိန္ဒိယကလိုလိုလားလားနဲ့ ကမ်းလှမ်းလာတဲ့အတွက်ရှေ့ဆက်ဆွေးနွေးညှိနှိုင်း မှုများပြုလုပ် ရန် စီစဉ်နေတယ်လို့သိရပါတယ်။ ကုန်ပစ္စည်းချင်းဖလှယ် တဲ့စနစ်မှာ အားနည်းချက်များစွာ ရှိတဲ့အတွက်ပုံမှန်ကုန်သွယ်ရေး စနစ်သို့ ပြောင်းလဲခြင်းဟာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ် ခုဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားပါတယ်။ကလေး-တမူး-ကလေး၀ နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင် ကော်မတီဝင် ဦးမြင့်ဋ္ဌေးက တစ်ဖက် အိန္ဒိ ယနိုင်ငံနဲ့ LC/TT  စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုကအထူးပင်ကောင်းမွန် ကြောင်း၊ အစတွင် အခက်အခဲနဲ့ ကြုံ တွေ့နိုင်သော်လည်း နောင်တွင် အဆင်ပြေချောမွေ့မှာဖြစ်ကြောင်း၊ယခင် ပစ္စည်းများ ဖလှယ်တဲ့စနစ် ကျင့်သုံးစဉ်က မိမိဘက်မှပစ္စည်းပေးပို့ပြီးပါက ငွေကြေးဆုံးရှုံးမည်ကို စိုးရိမ်ခဲ့ရကြောင်း၊ မိမိမကြိုက်နှစ်သက်တဲ့ ပစ္စည်းအား လက်ခံရယူခဲ့ရတဲ့ အခက်အခဲများ ကိုရင်ဆိုင်ခဲ့ရကြောင်း၊ ယခု LC/TT စနစ် သည် မိမိတို့ဆုံးရှုံးမှု စိုးရိမ်မှုများကိုကျော်လွှားနိုင်တော့မည်ဖြစ်၍ LC/TT  စနစ်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်းပြောကြားခဲ့ တယ်လို့ သိရပါတယ်။    
MIRT