မူဆယ်မှ ရေထွက်ကုန်တင်ပို့မှု အနည်းငယ်လျော့ကျ
မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဒီဇင်ဘာလ ၁၉ ရက်မှ ဒီဇင်ဘာလ ၂၅ ရက် ထိကာလ အတွင်း မှာ ကန်ဒေါ်လာ ၂ ဒသမ ၅၁၄ သန်းဖိုးရှိ ရေထွက်ကုန် ၁၆၆၁တန် ကျော် တင်ပို့ခဲ့ပြီး၊ တင်ပို့တဲ့ အမယ်တွေ ကတော့ ကဏန်း ၂၄၄ တန်၊ ငါးရှဉ့် ၄၄ တန်၊ ရေခဲငါးတန် ၁၉၀ ကျော်၊ ငါးလေးခြောက် ၆၉၆ တန်၊ ငါးဆားနယ် ၈၈ တန်၊ငါးကြင်းစီဖောင်း တစ်တန် ကျော်၊ ငါးဟောက်အရှင်လေးတန်၊ ကင်းမွန်ခြောက် ၂၉၄ တန်၊ ငါးခြောက် ၁၉ တန်၊ ပုစွန်ခြောက် တန် ၇၀၊ ငါးပူ တင်းရေခွံခြောက်ရှစ်တန်ခန့်နဲ့ ငါးလိပ် ခြောက် ရေခွံခြောက် နှစ်တန်ခန့်ဖြစ်ပါ တယ်။ ယခုတစ်ပတ်မှာ ကဏန်းတင်ပို့မှု ပုံမှန်ရှိပြီး၊ ငါးရှဉ့်တင်ပို့မှု တန် ၂၀ ခန့် လျော့ကျခဲ့ပါတယ်။ ရေခဲငါးတင်ပို့မှုမှလည်း တန် ၁၀၀ ကျော်လျော့နည်းခဲ့ တာကြောင့် ယခုတစ်ပတ် ရေထွက်ကုန် တင်ပို့မှု တန် ၁၂၀ ကျော်လျော့နည်းခဲ့ပါ တယ်။လာမယ့် ၂၀၁၆ ခုနှစ်မှာ မြန်မာ နိုင်ငံ ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်မှာဖြစ်ကြောင်း၊ ယခု လက်ရှိ ပြည်ပအကူအညီများ ဝင်ရောက် လာခြင်းကြောင့်ပိုမိုတင်ပို့နိုင်မှာဖြစ် ကြောင်း၊ ဥရောပသမဂ္ဂက ယူရိုသန်း ၂၀ အကူအညီနဲ့ လုပ်ငန်းတချို့ကို စတင်လုပ်ဆောင်နေပြီဖြစ်သလို အမေရိကန်နဲ့ ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းတို့ကိုလည်း ရေလုပ်ငန်းကဏ္ဍမှာ အကူအညီပေးဖို့တောင်းဆိုထားတာ တွေလည်းရှိတယ်။ ဒါ့ကြောင့် ၂၀၁၆ မှာ ရေထွက်ပစ္စည်းတင်ပို့မှုတွေ ပိုမိုလာ နိုင်တယ်လို့မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ယခုတစ်ပတ် မူဆယ်ကုန်စည် ဒိုင်မှာ ငါးရှဉ့်ဈေးအနည်းငယ်ကျပြီး၊ ကဏန်းဈေး မပြောင်းလဲကြောင်း သိရ ပါတယ်။ ငါးရှဉ့်ဈေးက ယခင်တစ်ပတ် က တစ်တန်ကို၇၀၇၀၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာ ၆၆၆၆၀၀၀ ကျပ်သို့ ကျဆင်းလာတာဖြစ်ပြီး ကဏန်းဈေးမှာ တစ်တန်လျှင် ၈၄၁၆၇၃၄ ကျပ်နဲ့ ဈေးငြိမ်နေကြောင်း သိရပါတယ်။
ယဉ်ယဉ်အေး