ထားဝယ်မြို့ကမ်းနားဈေး၌ ပြည်ပမှ တရားမဝင်တင်သွင်းရောင်းချနေတဲ့အေးခဲကြက်သားများ ကွင်းဆင်းစစ်ဆေးမြေမြုပ်ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထား ဝယ်မြို့ ကမ်းနားစည်ပင်သာယာဈေး အား စားသုံးသူဘေးအန္တရာယ် ကင်း ရှင်းရေးအတွက် ထိုင်းနိုင်ငံထုတ် အေးခဲ ကြက်သားများကို စက်တင်ဘာ ၁ ရက် နေ့က ကုန်သွယ်မှု မြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ    တိုင်းဒေသ ကြီးဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး   ဦးစီးဌာနမှ တာဝန်ရှိသူများ၊   မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနဲ့ ဝန်ထမ်း များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူးနဲ့ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာ ယာရေးမှ တာဝန်ရှိသူများ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ နံနက် ၀၈း ၀၀ နာရီတွင် ကွင်းဆင်း စစ် ဆေးဆောင်ရွက် ခဲ့ပါတယ်။အဆိုပါ ဈေးအတွင်း ကြက်သား ဆိုင် ၁၀ ဆိုင်၊ ဝက်သားဆိုင် ၅ ဆိုင်၊ ငါးခြောက်ဆိုင် ၇ ဆိုင်တို့အား  ပညာ ပေးဆွေးနွေးခဲ့ပြီး  စားသုံးရန် မသင့် သည့် ပြည်ပမှ  တရားမဝင် တင်သွင်း လာသည့် အေးခဲကြက်သား ၁၁ ဒသမ ၅၇ ပိဿာကို အဖွဲ့မှ စစ်ဆေးတွေ့ရှိ၍  မြေမြုပ်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိ ပါတယ်။
KSW  - ထားဝယ်