ကုန်သွယ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အရာထမ်းများ ရုံးလုပ်ငန်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားတွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်မှ အဖွင့်အမှာစကားပြောကြား

          ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၀၉း၃၀ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) တွင် အရာထမ်းများ ရုံးလုပ်ငန်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။

         အဆိုပါအခမ်းအနားသို့ အသစ်ရောက်ရှိလာသော သင်တန်းဆင်းအရာထမ်းများနှင့် အခြားဝန်ကြီး ဌာနမှ ကူးပြောင်းရရှိလာသောအရာထမ်းများကို ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ ကုန်သွယ်မှုဆိုင်ရာဥပဒေ များ၊ ကုန်သွယ်မှုဆိုင်ရာဖြေလျော့မှုများ၊ ပင်ရင်းဒေသစည်းမျဉ်းများ၊ ကုမ္ပဏိများမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်း၊ ITC ကဒ်ဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ၊ အကောက်ခွန်ဥပဒေများ၊ ဘဏ် လုပ်ထုံးလုပ်နည်းများ၊ ပြည်တွင်းအခွန်အကြောင်း သိကောင်းစရာများအား သိရှိနားလည်စေရန်နှင့် လက်တွေ့လုပ်ငန်းများတွင် အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။

           ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းဆင်းအရာထမ်း(၁၅) ဦး၊ အခြားဝန်ကြီးဌာနမှ ကူးပြောင်းရောက်ရှိ လာသော အရာထမ်း (၁၁) ဦးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။