ပြည်ကုလားပဲဈေးပြန်ကျပေမယ့် ယခင်နှစ်ဈေးထက်နှစ်ဆခန့်ပိုရ

စက်တင်ဘာလဆန်းအတွင်း ပြည်ပဲဈေးကွက်သို့ ကုလားပဲသီးနှံ အနည်းငယ်ဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲများ ရှိတဲ့အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ခွဲစက်သမားများအဓိကထား ဝယ်ယူကြတာကြောင့် တစ်ရက်အိတ် ၄၀၀ ကျော်ထိ ဝယ်ယူမှုရှိကာ ဒေသတွင်း ဝယ်လက်သာတဲ့ပဲများထဲမှ ပဲကြီးသီးနှံထက် ပိုအရောင်းအဝယ်သွက်ခဲ့တာကို တွေ့ရပါတယ်။
ပဲဈေးနှုန်းမှာ ယခင်လကုန်ဈေးထက် ပြန်လျော့သွားလို့ တစ်တင်း ၃၀၅၀၀ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ် ခဲ့သော်လည်း ယခုနှစ်အတွင်း ကုလားပဲသီးနှံဈေးကောင်းခဲ့တဲ့ နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ယခင်နှစ်က စက်တင်ဘာ လအတွင်း ကုလားပဲသီးနှံတစ်တင်း ပေါက်ဈေးမှာ ၁၄၀၀၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် ယခုနှစ်ဈေးက ယခင်နှစ်ထက် နှစ်ဆပိုရနေကြောင်း သိရပါတယ်။  
ခင်ဆွေဝင်း-ပြည်