ပြောင်းပိုမိုတင်ပို့

ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၄ ဒသမ ၇၅၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန်၁၆၀၇၅ တန်ခွဲ၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်း တန်ဖိုးရှိ ပြောင်းတန် ၁၀၀၀ နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၄၄ သန်း တန်ဖိုးရှိ ပြောင်း ၁၄၇တန်ခွဲတို့ တင်ပို့နိုင် ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ထိုစခန်းမှ ပြောင်းတန်ချိန် ၁၂၆၇၀ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု ၄၅၅၃ တန်ပိုမိုလာပါတယ်။မူဆယ် ကုန်စည်ဒိုင် မှာတော့ ယခင်တစ်ပတ်က ပြောင်းတစ်တန်ကို ၃၆၈၂၀၈ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်တွင် ၃၇၀၃၀၄ ကျပ်သို့ ပြောင်းဈေးများ ထပ်မံမြင့်တက်လာ တာ တွေ့ရပါ တယ် ။မူဆယ်ကုန်စည်ဒိုင်မှာတော့ နယ်စုံမှ ပြောင်းဝင်ရောက်မှု ပုံမှန်ရှိ သလို တရုတ်ဘက်ကလည်း ဝယ်လိုအား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေကြောင်း၊ တစ်ရက်လျှင် ပြောင်း ကားစီးရေ (၈၀-၁၂၀)စီးခန့် ဝင်ရောက်မှုရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
မော်မော်အောင်