မြဝတီနဲ့မြိတ်နယ်စပ်မှရေထွက်ကုန်ပိုမိုတင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန် ၊ ကော့ သောင်းနယ်စပ်စခန်းနဲ့မြိတ်နယ်စပ်စခန်းများမှ ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃ ရက်အတွင်း  ကန်ဒေါ်လာ ၃ ဒသမ ၁၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၇၇၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၁၁၈၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ-
မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၉ တန်နဲ့ကဏန်း ၂၄ တန် နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၁၂ တန်ခန့်လျော့နည်းတင်ပို့ခဲ့ပေမယ့် တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၀၀၀ ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခုသီတင်းပတ် တွင် ငါးမျိုးစုံတင်ပို့မှု လျော့နည်းခဲ့ပေမယ့် ကဏန်းပိုမိုတင်ပို့ နိုင်ခြင်းကြောင့် တန်ဖိုး ပိုမိုခဲ့ခြင်းဖြစ်ပါတယ်။
မြိတ်နယ်စပ်စခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၀၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်ငါးမှုန့် ၁၄၆၀ တန်၊ ငါးမျိုးစုံ ၇၉၁ တန် ကျော် ၊ အေးခဲကဏန်းပျော့ ၄၅ တန်ကျော်၊ ပုစွန် ၆၄ တန် ကျော် ၊ ကင်းမွန်(အခွံချွတ်) ၂၉ တန်ကျော်၊အေးခဲအသားလွှာ ၂၄ တန် ၊ ကင်းမွန် ၂၁ တန်ကျော် ၊ကဏန်းသေး(အသေ)၂ တန်ကျော်၊ သဲကဏန်းနဲ့ကဏန်းနီ အနည်းငယ် တင်ပို့နိုင်ခဲ့ပါ တယ်။  ယခင်သီတင်းပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ငါးမှုန့်၊ အေးခဲကဏန်းပျော့၊ ကင်းမွန်(အခွံချွတ်)အေးခဲအသားလွှာ၊ ကဏန်းသေး(အသေ)နဲ့ ကဏန်းနီတို့ကို  ယခုတစ်ပတ်မှာ တင်ပို့နိုင်ခဲ့တဲ့အတွက် ၁၂၄၉ တန်ခန့် ပိုမိုခဲ့ပါတယ်။
ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၂၉၄ တန်ကျော်နဲ့ ပုစွန် ကီလို ၅၀၀ ခန့်တင်ပို့ခဲ့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၄၈ တန်ကျော် လျော့နည်းခဲ့ပါတယ်။ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ကင်းမွန်ကို ယခုအပတ်တွင် တင်ပို့ နိုင်ခြင်းမရှိတဲ့အပြင် ငါးမျိုးစုံနဲ့ ပုစွန်တင်ပို့မှုမှာလည်း လျော့ နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။
ခင်မြနွယ်