တရုတ်နိုင်ငံနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အနီးကပ်ပြုလုပ်ရန် ဘယ်လ်ဂျီယံနိုင်ငံရည်ရွယ်

    အခြေခံအဆောက်အအုံဆိုင်ရာ အာရှရင်းနှီးမြှုပ်နှံမှုဘဏ်၏ မူဘောင် သဘောတူညီချက်အပါအဝင် ဘဏ္ဍာ ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် တရုတ်နိုင်ငံနှင့်အနီးကပ်ပူးပေါင်း ဆောင်ရွက်ရန် ဘယ်လ်ဂျီ ယံနိုင်ငံ က မျှော်မှန်းထားကြောင်း၊ တရုတ် ဗဟိုဘဏ်(BOC) နှငThe Industrial and Commercial Bank of China (ICBC)  တို့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ် ထားကြောင်း၊ တရုတ်အာမခံကုမ္ပဏီ တစ်ခုဖြစ်သည့် Anbang  သည် ဘယ်လ် ဂျီယံနိုင်ငံရှိ ဘယ်လ်ဂျီယံ အာမခံ ကုမ္ပဏီFidea Antwerpနှင့် ဒတ်ချ် အာမခံကုမ္ပဏီတို့အား ၂၀၁၄ ခုနှစ် အတွင်းက ဝယ်ယူခဲ့ကြောင်း၊ ဘယ်လ် ဂျီယံနိုင်ငံအား ဘဏ္ဍာရေး စင်တာ အဖြစ် ဖန်တီးနိုင်ရေးသည် ဘယ်လ်ဂျီယံအစိုးရ၏ အရေးပါ သော ရည်မှန်း ချက်တစ်ရပ်ဖြစ်ကြောင်း အင်တာဗျူး တစ်ခုတွင် ဘယ်လ်ဂျီယံ ဘဏ္ဍာရေး ဝန်ကြီးMr.Johan Van Overtveldt က ထုတ်ဖော်ပြောကြားခဲ့သည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့