ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏ ထပ်မံမတိုးရန်ဆုံးဖြတ်

       ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန်နှင့်ဇွန်လ ၂၆ ရက်နေ့က ချမှတ်ခဲ့သည့် ချေးငွေ ပမာဏအတိုင်း ဆက်လက်ထားရှိရန် ဇွန်လ၂၈ ရက်နေ့တွင် ဥရောပဗဟိုဘဏ် က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ဘဏ္ဍာ ရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ဥရောပဗဟိုဘဏ်သည် ဂရိဘဏ်များနှင့်အနီးကပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

      ဇွန်လ ၃၀ရက်သည် ဂရိဘဏ်များ၏ နိုင်ငံတကာချေးငွေ ပြန်လည်ပေးဆပ်ရမည့် နောက်ဆုံးရက်ဖြစ်ပြီး အဆိုပါ နောက်ဆုံးရက်အား ထပ်မံရွှေ့ဆိုင်းမပေးနိုင်ကြောင်း၊ ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ခဲ့ပြီးနောက်  ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့