CLMV နိုင်ငံများက စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ အတည်ပြု

       အရှေ့တောင်အာရှဒေသမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့အတွက် ကဏ္ဍအလိုက် ကျယ်ကျယ်ပြန့်ပြန့်တိုး ချဲ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဇွန်လ ၂၂ ရက်နေ့က CLMV  (ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်) နိုင်ငံတွေက သဘောတူခဲ့ကြ ကြောင်း ရှင်ဝှာသတင်းမှာ ဖော်ပြပါ တယ်။CLMV    နိုင်ငံတွေအချင်းချင်းချုပ်ဆိုထားတဲ့ လက်ရှိသဘော တူစာချုပ်တွေအားလုံး ကို အကောင်အထည်ဖော်ခြင်း၊ ယခုနှစ် နှစ် ဦးပိုင်းက ဖွင့်လှစ်ပေးထားတဲ့ လာအို-မြန်မာချစ်ကြည်ရေးတံတား ကို အမြန်ဆုံးအသုံးပြုရေး စတဲ့နိုင်ငံများအချင်းချင်း ထားရှိတဲ့ ကတိ ကဝတ်များကို အကောင်အထည် ဖော်ဖို့ မြန်မာနိုင်ငံ နေပြည်တော် မှာ  ကျင်းပတဲ့ (၇) ကြိမ်မြောကCLMV   ထိပ်သီးအစည်းအဝေးမှာ ထပ်မံအတည်ပြုခဲ့ကြပါတယ်။
 ဒန်ဆန်ဗန် (လာအို) နဲ့  လာအိုဘောင် (ဗီယက်နမ်) မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာနယ်စပ်စခန်းမှာ ဆောာင်ရွက်နေတဲ့ တစ်ကြိမ် တည်း ရပ်တန့်စစ်ဆေးမှု (Single Stop Inspection) ကို CLMV  နိုင်ငံတွေ အချင်း ချင်း တိုးချဲ့ ဆောင်ရွက်ပြီး ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့   သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ   လွယ်ကူ ချောမွေ့အောင်ဒီလိုစစ်ဆေးမှုပုံစံကို ကွန်ရက်တစ်ခုအဖြစ် ဖွဲ့စည်း ဆောင်ရွက်ဖို့ ထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
    သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ  ပူးပေါင်းဆောင်ရွက်ရာမှာ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုအရ CLMV   နိုင်ငံတွေအတွင်းမှာ တည်ရှိနေတဲ့ စီးပွားရေးစြင်္ကံတွေကို အသုံးပြုပြီး ပေါင်းစပ် ညှိနှိုင်း မှုတွေကို ထိထိရောက်ရောက်ဆောင် ရွက်ဖို့ CLMV  ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။လယ်ယာစိုက်ပျိုးရေး၊   စက်မှု၊ စွမ်းအင်၊ သတင်းအချက် အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ)  ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးမှာ အက်စ်အမ်အီးဖွံ့ဖြိုးရေး၊ ဓါတ်သတ္တုရှာဖွေရေး၊ ပြန်ပြည့်မြဲစွမ်းအင်၊  ရေအားလျှပ်စစ်ဖွံ့ဖြိုးရေးနဲ့ ရေနံနဲ့ သဘာဝ  ဓာတ်ငွေ့ရှာဖွေရေးစတဲ့ အရေးပါတဲ့နယ်ပယ်တွေမှာ လွယ်ကူချော မွေ့စွာ ရင်းနှီးမြှုပ်နှံနိုင်ဖို့  CLMV  ခေါင်းဆောင်တွေက သဘောတူခဲ့ ကြပါတယ်။
    အလားတူ ခရီးသွားလုပ်ငန်း   ပူးပေါင်းဆောင်ရွက်ရေးနဲ့ လူသားအရင်းအမြစ်   ဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်း  ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့  အာဆီယံပေါင်းစည်းရေး  ကြိုးပမ်းဆောင်ရွက် မှုများကို  အရှိန် အဟုန်မြှင့်  ဆောင်ရွက် ဖို့လည်း  CLMV ခေါင်း ဆောင်တို့က  သဘောတူခဲ့ကြပါတယ်။(၈) ကြိမ်မြောက်  CLMV ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်က အိမ်ရှင်အဖြစ်   ကျင်းပပေးဖို့ အဲဒီအစည်းအဝေးက သဘောတူခဲ့ကြပါတယ်။

ဉာဏ်တင်စုစည်းတင်ပြသည်