မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော အစားအစာသစ် ၁၀ မျိုးကို အီးယူက တင်သွင်းခွင့်ပြု

   ပြောင်းအမျိုးမျိုး၊ ပဲပုပ်စေ့၊ ဝါဂွမ်း နှင့် မုန့်ညင်းစေ့အပါအဝင် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော အစားအစာ သို့မဟုတ် တိရစ္ဆာန်အစားအစာသစ် ၁၀ မျိုး အီးယူက ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် တင်သွင်းခွင့်အား ခွင့်ပြုပေးခဲ့ပါသည်။ ထို့အပြင် မျိုးရိုး ဗီဇပြုပြင်ပြောင်းလဲထားသော ထုတ်ကုန် ၇ မျိုး အတွက် လိုင်စင်များကို သက်တမ်းတိုးပေးခဲ့ပြီး မျိုးရိုး ဗီဇပြုပြင်ပြောင်းလဲထားသော ဇော်မွှားပန်းအမျိုးအစားနှစ်မျိုး တင်သွင်းခွင့်ကိုလည်း အီးယူက ခွင့်ပြုပေးခဲ့ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့