ပြည်ထောင်စုလမ်းမကြီးပေါ်တွင် CD ယာဉ်ပေါ်မှ ဖုန်းမှန်အရွယ်စုံတို့ကို စစ်ဆေးတွေ့ရှိ

 

          မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်စခန်း ထုတ်နုတ်အင်အား Mobile Team အဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့တွင် မူဆယ် အေးရှားဝေါလ်တိုးဂိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် CD ယာဉ်အမှတ် ၈ဈ/ xxxx ယာဉ်အား စစ်ဆေးရာ မိုဘိုင်းဖုန်း မှန် ၂၈၂၀ ချပ်နဲ့ မိုဘိုင်းဖုန်း LCD မှန် ၁၁၀ ချပ်တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိသိမ်းဆည်းရမိတဲ့ မိုဘိုင်းဖုန်း မှန် အထူ/အပါးများရဲ့ ခန့်မှန်းတန်ဖိုး မှာ ကျပ်သန်းပေါင်း ၁၁ ဒသမ ၈၃၄ ခန့်ဖြစ်ပြီး မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အမှုတွဲ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်လို့ သိရပါတယ်။

 

                                                MIRT