စစ်တွေကုန်သွယ်ရေးစခန်းက လယ်ယာထွက်ကုန် ၊ သစ်တောထွက်ကုန်နဲ့ စက်မှုကုန်ချော ၃၆၆ တန်ကျော်တင်ပို့

 

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ   စစ်တွေကုန်သွယ်ရေးစခန်းက ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်ထိ ကာလအတွင်း လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နဲ့ စက်မှုကုန်ချော  ၃၆၆ တန်ကျော်တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၆၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က သြင်္ကန်ကာလ ပိတ်ရက် ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

          ယခုသီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းတွေကတော့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ဆီးသီးခြောက် ၁၃၃ တန်၊ နနွင်းတက် ၈ တန်၊ မန်ကျည်းစေ့ ၁၈၇ တန်၊ မန်ကျည်းသီး (အစေ့ပါ) ၅  တန်၊ မန်ကျည်းဖတ် ၄ တန်ကျော်နဲ့ ချင်းအစို ၄ တန်တို့ဖြစ်ကြပါတယ်။ သစ်တောထွက်ကုန်ပစ္စည်းဖြစ်တဲ့ကြိမ်  ၃ တန်နဲ့ စက်မှုကုန်ချောပစ္စည်းဖြစ်တဲ့ ဆီးယိုထုပ် ၂၂ တန်ကိုလည်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

 

                                            တင်တင်ထွန်း  MIRT