မြဝတီနဲ့ကော့သောင်းနယ်စပ်မှ သီဟိုဠ်စေ့ ၁၉ တန်နီးပါးတင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ၂၀၁၅ ခုနှစ် ၊ ဧပြီလ ၁ ရက်မှ ၂၄ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၉ တန် နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်က သီဟိုဠ်စေ့တန်ချိန် ၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၂၅ သန်းတင်ပို့နိုင်ခဲ့ပြီး ကော့သောင်းနယ်စပ်စခန်းကတော့ တန်ချိန် ၁၅ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၁၈သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း သီဟိုဠ်စေ့တင်ပို့မှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
စဉ် လ တန် တန်ဖိုး
၁။ ဧပြီ ၃၂.၈၀ဝ ဝ.၂၄၉
၂။ မေ ၁၂.၈၀ဝ ဝ.ဝ၉၇
၃။ ဇွန် ၁၆.၅၀ဝ ဝ.၁၂၅
၄။ ဇူလိုင် ၁၃.၃၂၀ ဝ.၁၀၁
၅။ ဩဂုတ် ၃၅.၁၈၀ ဝ.၂၆၇
၆။ စက်တင်ဘာ ၃၃.၄၂၀ ဝ.၂၅၄
၇။ အောက်တိုဘာ ၉.၁၀ဝ ဝ.ဝ၆၉
၈။ နိုဝင်ဘာ ၁၉.၂၀ဝ ဝ.၁၂၀
၉။ ဒီဇင်ဘာ ၂၆.၆၀ဝ ဝ.၂၀၂
၁၀။ ဇန်နဝါရီ ၁၇.၇၀ဝ ဝ.၁၃၅
၁၁။ ဖေဖော်ဝါရီ ၁၁.၈၈၀ ဝ.ဝ၉၀
၁၂။ မတ် ၁၉.၅၂၀ ဝ.၁၄၈
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းကသီဟိုဠ်စေ့တန်ချိန် ၂၄၈ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၅၇ သန်း တင်ပို့နိုင်ခဲ့သဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၂၉ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။
ခင်မြနွယ် MIRT