ပင်လယ်ရေကြောင်းမှမတ်လအတွင်းဆန်တန်ချိန်ခြောက်သောင်းကျော်တင်ပို့နိုင်

 

     ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မြန်မာ့ဆန်ဖြူနဲ့ပေါင်းဆန်ကို အာရှ၊ အာဖရိကနဲ့ အီးယူနိုင်ငံများသို့ မတ်လအတွင်း ဆန်တင်ပို့မှုဟာ ဖေဖော်ဝါရီလ ဆန်တင်ပို့မှုထက် နှစ်ဆကျော် ပိုမိုလာပါတယ်။မတ်လအတွင်းမှာ ကန်ဒေါ်လာ ၂၀ ဒသမ ၇၀၉ သန်းဖိုးရှိ ဆန်ဖြူ ၅၇၄၄၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၇၇၃ သန်းဖိုးရှိ ပေါင်းဆန် ၄၀၇၅ တန်တင်ပို့နိုင်ခဲ့ရာ ဖေဖော်ဝါရီလ တင်ပို့မှုထက် ၃၃၄၂၁ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။

     ဆန်ဖြူတင်ပို့မှုကို ကြည့်မယ်ဆိုပါက ဧည့်မထ ၅ မှတ်ဆန် ၇၂၆၀ တန် ၊ ၁၀ မှတ်ဆန် တန် ၂၀ဝ ၊ ၁၅ မှတ်ဆန် ၂၅ တန်နဲ့ ၂၅ မှတ်ဆန် ၄၄၆၂၅ တန်  စုစုပေါင်း ဆန်တန်ချိန် ၅၂၁၁၀ တန်ကို စင်ကာပူ၊ Guinea နဲ့ အီးယူနိုင်ငံများသို့လည်းကောင်း ၊ ငစိန် ၅ မှတ်ဆန် ၄၆၉၈ တန်ကျော်နဲ့ ၂၅ မှတ်ဆန် တန်၆၀ဝကို အီးယူ နိုင်ငံများသို့လည်းကောင်း ၊ ပေါ်ဆန်း ၁၅ မှတ်ဆန် ၃၄ တန်ကို စင်ကာပူနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။

  မြန်မာ့ပေါင်းဆန်ကို အီးယူနိုင်ငံများမှ အဓိက ဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံအတွက်လည်း ွှဏ အခွင့်အရေးရရှိတဲ့အတွက် အခြားဈေးကွက်များနဲ့ယှဉ်ပြိုင်ပါက အသာစီးရရှိတာဖြစ်ပါတယ်။မတ်လ အတွင်းမှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၇၇၃ သန်းဖိုးရှိ ပေါင်းဆန် ၄၀၇၅ တန်ကို အီးယူနိုင်ငံများသို့ တင်ပို့နိုင် ခဲ့ပါတယ်။အီးယူမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ပေါင်းဆန်များ တင်ပို့နိုင်ပါက ဈေးကွက်တွင် အခြားနိုင်ငံများထက်သာလွန်သော ယှဉ်ပြိုင်နိုင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

      ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ဒုတိယပတ်အထိမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၈၅၉ သန်းဖိုးရှိ ပေါင်းဆန် ၁၉၇၅ တန်နဲ့ ကန်ဒေါ်လာ ၈ ဒသမ ဝ၅ သန်းဖိုးရှိ ဆန်ဖြူ ၂၄၅၈၆ တန် တင်ပို့ထားပါတယ်။                                                                                         

                                                                             ယဉ်ယဉ်အေး MIRT