တရားမဝင် တင်ဆောင်လာတဲ့ မြေပဲအိတ်များကို မူဆယ် မောင်းတံရှောင်ကွင်းလမ်းပေါ်တွင် သိမ်းဆည်းရမိ

 

      မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်စခန်းထုတ်နုတ်အင်အား Mobile Team မှ ဒုတိယညွှန်ကြားရေးမှူး ဦးစီးတဲ့ အဖွဲ့ဟာ ဧပြီလ ၉ ရက်နေ့က ကုန်သွယ်ရေးဇုန်အလွန် မူဆယ် မောင်းတံရှောင်ကွင်းလမ်းပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ 9F/xxxxမှ ယာဉ်ပေါ်မှ မြေပဲအိတ်များကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါ တယ်။ အဆိုပါ သိမ်းဆည်းရမိ မြေပဲအိတ်များအား မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ အဖွဲ့စုံဖြင့် လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်နိုင်ခဲ့တယ်လို့သိရပါတယ်။

                                                                                                                                                 MIRT