နို့ဆီ၊ နို့မှုန့် အဝင်နည်း

   မတ် ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ  ၆၈၄၀၀ တန်ဖိုးရှိ နို့ဆီ ၂ ဒသမ ၄၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒွန်း နို့ဆီတစ်မျိုးတည်းသာ ဝင်လာခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ထက် ဒီတစ်ပတ်မှာ နို့ဆီအဝင် တော်တော်လေးနည်းခဲ့တယ်လို့သိရပါတယ်။

   နို့မှုန့်က မလေးရှားမှ ၁၇ တန်နဲ့ စင်ကာပူမှ ၁၄၀ ဒသမ ၈၇၁ တန် တင်သွင်းခဲ့ပါတယ်။  ယခင်သီတင်းပတ်အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ ၁၂၅ ဒသမ ၄၅၄ တန်အဝင်နည်းခဲ့ပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီရော၊ နို့မှုန့်ပါ အဝင်နည်းခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း (DOT)