စိုက်ပျိုးရေးဦးစီးဌာနရဲ့တင်သွင်းခွင့်ထောက်ခံချက်လက်မှတ် Import Certificate နဲ့ မျိုးစေ့တင်သွင်းခွင့်လိုင်စင်ထုတ်ပေးမည်

  မျိုးစေ့သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ တစ်ဖက်နိုင်ငံရဲ့ Phytosanitary  Certificate-PC မလိုတော့ဘဲ  စိုက်ပျိုးရေးဦးစီးဌာနရဲ့ Import Certificate-IC နဲ့ လိုင်စင်လျှောက်ထားနိုင်ပြီလို့သတင်းရရှိပါတယ်။

   ပြည်ပမှ အပင်နှင့် အပင်ထွက်ပစ္စည်းများတင်သွင်းရာတွင် သက်ဆိုင်ရာ မူရင်းနိုင်ငံမှထုတ်ပေးသည့် အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်းထောက်ခံချက်လက်မှတ် (Phyto-sanitary Certificate-PC)နဲ့ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှထုတ်ပေးသည့်တင်သွင်းခွင့်ထောက်ခံချက် (Import Certificate-IC) ပါရှိမှသာ သွင်းကုန်လိုင်စင် ထုတ်ပေးခြင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခွင့်ပြုပေးလျက်ရှိပါတယ်။

   တင်ပို့မည့်မူရင်းနိုင်ငံမှ ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ် Phytosanitary Certificate-PC အားပူးတွဲတင်ပြရန် ၂၀၁၄ခုနှစ် မေလတွင် Delivery Unit များသို့ စိုက်ပျိုးရေးဦးစီးဌာနက ပေးပို့တင်ပြခဲ့ပြီး မြန်မာ့အလင်းသတင်းစာတွင် လည်း ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၂ ၊ ၂၅၊ ၂၈ ရက်နေ့တို့တွင် ကြေညာချက်ထည့်သွင်းခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ပရှိ မျိုးစေ့တင်ပို့မည့်ကုမ္ပဏီများသည် မျိုးစေ့နဲ့အတူ တင်ပို့မယ့်နိုင်ငံ စိုက်ပျိုးရေးဌာနမှ ထုတ်ပေးတဲ့ PC ကို မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်လက်ပေး ပို့ကြောင်းနဲ့ Quarantine  Entry Point သို့ မျိုးစေ့ရောက်ရှိချိန်မှ PC ကိုလာရောက်တင်ပြခွင့်ပြုရန် မျိုးစေ့တင်သွင်းတဲ့ ကုမ္ပဏီများက ရှင်းလင်းတင်ပြလာသဖြင့် စိုက်ပျိုးရေးဦး စီးဌာနက စိုက်ပျိုးရန်အတွက်ရည်ရွယ်၍ မျိုးစေ့တင်သွင်းခွင့် လျှောက်ထားသူများအား မျိုးစေ့များရောက်ရှိလာမှသာ မျိုးစေ့ဌာနရဲ့ ထောက်ခံ ချက်နဲ့ အတူ မျိုးစေ့နမူနာနဲ့ PC ကို တစ်ပါတည်းတင်ပြရန်  ကတိခံဝန်ချက် (Under taking) နဲ့ IC ကို ထုတ်ပေးလျက်ရှိကြောင်းနဲ့  အကယ်၍မျိုးစေ့များ ရောက်ရှိလာတဲ့အခါ မျိုးစေ့နမူနာနဲ့အတူ PC ပေးအပ်ရန် ပျက်ကွက်ခဲ့ပါက နောက်တစ်ကြိမ် IC ထုတ်ပေးမည့် မဟုတ်ကြောင်းသိရှိရပါတယ်။

   မတ်လနောက်ဆုံးပတ်မှစ၍ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ မျိုးစေ့သွင်းကုန်လိုင်စင်လာရောက်လျှောက်ထားရာမှာ တစ်ဖက်နိုင်ငံရဲ့ PC ပူးတွဲတင်ပြ ရန်မလိုတော့ဘဲ စိုက်ပျိုးရေးဦးစီးဌာနရဲ့ IC ပါရှိပါက သွင်းကုန်လိုင်စင်ခွင့်ပြုထုတ်ပေးသွားမယ်လို့သတင်းရရှိပါတယ်။

ပန်