Kanchanaburi မှာ ထိုင်း-မြန်မာ-တရုတ်ကုန်စည်ပြပွဲကျင်းပ

 

          Kanchanaburi  ခရိုင်ရဲ့ အနောက်ပိုင်းမှာ ထိုင်း-မြန်မာ-တရုတ် ကုန်စည်ပြပွဲကို မတ်လ ၂၆ ရက်မှ ၃၁ ရက်ထိ ၆ ရက်ကြာ ကျင်းပခဲ့ပါတယ်။ကုန်စည်ပြပွဲကို သုံးနိုင်ငံအကြား ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပ ခဲ့တယ်လို့သိရပါတယ်။

          ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို Kanchanaburi ရဲ့ မြို့လယ်မှာရှိတဲ့အားကစားရုံတစ်ခုမှာ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းမှာ ဖွင့်ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ပုဂ္ဂလိကနဲ့ ပြည်သူလူထုအကြား ကုန်သည် လုပ်ငန်းရှင်များအတွက် ကုန်သွယ်မှု နဲ့ဈေးကွက်အလားအလာ ကောင်းမွန်စေရန် ရည်ရွယ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Kanchanaburi နဲ့ အခြားပြည်နယ်များ၊ မြန်မာနိုင်ငံထားဝယ်နဲ့ တရုတ်နိုင်ငံ Guang Xi တို့က ပြပွဲကာလ ၆ ရက်အတွင်းမှာ ပြခန်းပေါင်း ၃၄၀ ခင်းကျင်းပြသ ခဲ့ကြတာဖြစ်ပါတယ်။

                                                                       

                                                                                CMK