သွင်းကုန်ကြေညာလွှာထက်ပိုမိုသယ်ဆောင်လာသော စပျစ်သီးများ သိမ်းဆည်း

 

      မတ်လ ၂၈ ရက် ၁၉းဝ၀ ချိန်တွင် မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာသော ဂျူတီယာဉ်အား တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလှုပ်ရှားအဖွဲ့  Mobile Team လရ-၂ အဖွဲ့ ယာယီအခြေပြုရာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်သို့ ဝင်ရောက်စစ်ဆေးခံရာမှာ သွင်းကုန်လိုင်စင်နဲ့ အကောက်ခွန်သွင်းကုန် ကြေညာလွှာထက် ပိုမိုတင်ဆောင်လာသော စပျစ်သီး ၁၈၀ ကီလိုဂရမ်ကို သိမ်းဆည်းခဲ့ရပါတယ်။ ပုပ်သိုး ပျက်စီးလွယ်ပစ္စည်းများ ဖြစ်သဖြင့် ကြမ်းခင်းဈေးသတ်မှတ်ရေးအဖွဲ့၊ လေလံတင်ရောင်းချရေးအဖွဲ့များ ဖွဲ့စည်းပြီး မတ်လ ၂၉ ရက်နေ့မှာ လေလံတင်ထုခွဲရောင်းချခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ စပျစ်သီး ၁၈၀ ကီလိုဂရမ်ကို လေလံတင်ရာမှာ ကျပ် ၂၁၆၀ဝ၀ နဲ့ လေလံအောင်ခဲ့တယ်လို့သိရပါတယ်။              

                                                                                                DCCA DCCA