အကောက်ခွန်ဂျုတီမြင့်မားတဲ့ စားသောက်ကုန်များအား ပိုမိုတင်ဆောင်လာတဲ့ ၆ ဘီးယာဉ်အား လရ-၂ အဖွဲ့မှ စစ်ဆေးတွေ့ရှိ

 

     ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး ယာယီအခြေပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့   Mobile Team လရ-၂ အဖွဲ့သည် မတ်လ ၃၀ ရက်နေ့တွင် ၆ ဘီးယာဉ်အား ယာဉ်ပေါ်ပါ စာရွက်စာတမ်း အထောက် အထားများနဲ့ တိုက်ဆိုင်စစ်ဆေးရာ ID တွင်ကြေညာထားသည့်ကုန်ပစ္စည်း  ၆ မျိုးအနက် CIF တန်ဖိုးနည်းတဲ့ အချိုရည်၊  ဆပ်ပြာမှုန့်၊ အမွှေးရည် များအား ပမာဏလျော့သယ်ယူလာပြီး  CIF တန်ဖိုးနှင့် အကောက်ခွန် ဂျုတီမြင့်မားသည့် ခေါက်ဆွဲခြောက်၊ အားဖြည့်အချိုရည်၊ ပဲနို့ များအား ပိုမို တင်ဆောင်လာ ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ကနဦး စစ်ဆေးမှုများအရ ပိုမိုတင်ဆောင်လာတဲ့ စားသောက်ကုန်များအား အချိန်နှင့် နေရာကန့်သတ်ချက်အရ ဆူးလေဆိပ်ကမ်းသိုလှောင်ရုံသို့ တာဝန်ခံ အဖွဲ့နှင့် အတူ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။

         

                                                                                      DCCA DCCA