မှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် အများပြည်သူများစားသုံးရန် မသင့်လျော် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးနှင့် မြိုင်ရတနာလေးထပ်ဈေး တွင် တားမြစ် လူသုံးကုန်၊ အလှကုန်နှင့် စားသုံးကုန်ပစ္စည်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆ

 

     ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကိုသာ အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။

          ထိုသို့စစ်ဆေးရာမှာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါး(၈)မျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် စစ်မှန်သောအစွမ်းထက်မှုကိုအာမခံချက်မပေးနိုင်တဲ့ဆေးဝါးများဖြစ်ကြောင်းနဲ့အများပြည်သူများသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးကြေညာထားခြင်းအား သိရှိနိုင်ပါရန် ဖော်ပြပေးလိုက်ရပါတယ်-

          ဆေးဝါးအမည် ထုတ်လုပ်/ဖြန့်ချီဌာန

          - မြင်းပျံအမှတ်တံဆိပ်အကိုက်အခဲပျောက်ဆေးကြီး     ဖော်ပြထားခြင်းမရှိပါ

          - တောရှောက်လိမ်းဆေး        K ု ရုံ (၆)ဈေး(၂)မြစ်ကြီးနား  

          - စပါယ်ရှယ်အမှတ်တံဆိပ်အဆုတ်ရောဂါဆေးကြီးနှင့်  K  ရုံ (၆)ဈေး(၂)မြစ်ကြီးနား

            ရင်ကျပ်ပန်းနာပျောက်ဆေးကြီး

          - ခြင်္သေ့အမှတ်တံဆိပ်သွေးဆေး        နန္ဒဝန်ရပ်၊ ညောင်ရွှေ

          - အင်းလေးမယ်အလှတံဆိပ်အသားလှသွေးဆေး       နဂါးနှစ်ကောင်ဆေးတိုက် လိပ်စာ

                   ဖော်ပြထားခြင်းမရှိ

          - မြန်မာသမားတော်ကြီးဦး-----တံဆိပ်သူငယ်နာ        ဈေးအတွင်း၊မြောက်ဘက်တိုက်တန်း၊

            အပူအပုပ်ကျလေလည်ကလေးဝဆေးကြီး     ကသာ

           - ငွေဗျိုင်းဖြူအမှတ်တံဆိပ်ကျောက်ကပ်ဆေး  အမှတ်(၁၃)၊ ရပ်ကွက်(၃)ရွှေစက်၊

                   မြစ်ကြီးနား

          - အဆစ်အမြစ်နာရောင်ကိုက်ခြင်း၊ လေးဘက်နာ       အမှတ် ၆၃ ၊ မြို့မရပ်၊ မြစ်ကြီးနား

           ပျောက်ဆေး

          အများပြည်သူတို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင် ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးများကို ဝယ်ယူခြင်းမပြုရန်နဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားသော ဆေးဝါးများကို စူးစမ်းဝယ်ယူသုံးစွဲရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

          တိုင်းရင်းဆေးပညာဦးစီးဌာနမှ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) (၃၂)အရ တရားစွဲဆိုအရေးယူသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

                                                                                                          ပန်