အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိတဲ့လိုင်စင်မဲ့ယာဉ်(၅)စီးကို လရ(၂)အဖွဲ့မှသိမ်းဆည်း

 

    မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ညောင်ခါးရှည်အခြေပြု Mobile Team (လရ-၂)အဖွဲ့သည် မတ်လ ၁၅ ၊ ၁၆ နဲ့ ၂၈ ရက်နေ့များ တွင် မြဝတီမှရန်ကုန်သို့မောင်းနှင်လာသော မော်တော်ယဉ်များ အား စစ်ဆေးရာ တရားဝင် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိတဲ့ Mitsubishi Pajero io H77 W, Toyota Hiace (LH 120), Toyota Mark II အမျိုးအစား အဖြူရောင် Saloon  ယာဉ်(၂)စီး၊ Honda CRVစုစုပေါင်း ယာဉ်(၅)စီးကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဆိုပါလိုင်စင်မဲ့ယာဉ် (၅)စီးရဲ့ ခန့်မှန်းတန်ဖိုး မှာ ကျပ် ၆၃၅ သိန်းဖြစ်ပြီး  ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာနနဲ့အတူ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အကောက်ခွန်မဲ့ တရားမဝင်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

                                                                                                                   DCCA  DCCA