အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာစတုတ္ထမြောက် နယ်စပ်ဈေးကိုဧပြီလမှာ ဖွင့်လှစ်မည်

 

       အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ွှTripura  မှာ စတုတ္ထမြောက် နယ်စပ်ဈေးကို ဧပြီလမှာ ဖွင့်လှစ်မယ်လို့ ွှTripura ဝန်ကြီးကပြောကြားလိုက်ပါတယ်။နှစ်နိုင်ငံအကြားနိုင်ငံဒကာ နယ်စပ်တစ်လျှောက်မှာဒေသထွက်ကုန်ကုန်သွယ်မှုတိုးမြှင့်ရန်  ရည်ရွယ်ဖွင့်လှစ် လိုက်တာလို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Brahmanbaria  ခရိုင်နယ်စပ် Kamalasagar မှာလည်း ထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း Tripura  စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီဲး Japan Chakraborty  က သတင်းထောက်များကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ နယ်စပ်ဈေးများဟာ တစ်ပတ်မှာ ၁ ရက်ဖွင့်လှစ်ခြင်းဖြစ်ပြီး မူလ ညှိနှိုင်းသဘောတူညီထားချက်အရ ဥပမာ- အပတ်စဉ် အင်္ဂါနေ့တိုင်း ဖွင့်လှစ်တာမျိုးဖြစ်ပါတယ်။ နယ်စပ်ဈေးများ ဒေသထွက် လယ်ယာထွက်ကုန်၊ ဟင်းသီးဟင်းရွက်၊ ရေထွက်ကုန်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အိမ်တွင်းစက်မှု လုပ်ငန်းများမှ ထွက်ရှိသောပစ္စည်းများ၊ သစ်သား ပရိဘောဂနဲ့ လက်မှုအနုပညာပစ္စည်းများ ရောင်းချခွင့်ပြုပေးထားပါတယ်။ နယ်စပ်မျဉ်းမှ ၅ ကီလိုမီတာ ဝန်းကျင်မှာရှိတဲ့ ကုန်သည်များ (၂၅ ဦး မှ ၃၀ ဦးခန့်)ကိုသာ ရောင်းဝယ်ခွင့်ပြုထားတာဖြစ်ပါတယ်။

           အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်မှာနယ်စပ်ဈေး၇၀ ခန့် ထိဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရ၊  အရူနာချာလ်ပရာဒေ့ရှ်၊ နာဂလင်းန်နဲ့ မီဇိုရမ်ပြည်နယ်များကလည်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ နယ်စပ်ဈေး ၁၅ ခု ဖွင့်လှစ်ရန် အဆိုပြုထားပြီးဖြစ်ပါတယ်။အိန္ဒိယနိုင်ငံ အရူနာချာလ်ပရာဒေ့ရှ်နဲ့ ၅၂၀ ကီလိုမီတာ၊ မဏိပူရနဲ့ ၃၉၈ ကီလိုမီတာ၊ နာဂလင်းန်နဲ့ ၂၁၅ ကီလိုမီတာ၊ မီဇိုရမ်နဲ့ ၁၆၄၃ ကီလိုမီတာ အသီးသီးမြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး ခြံစည်းရိုးခတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။                                                               

                                                                                                                                                                                                          MIRT (DCCA)